Connect with us

Africa & Middle East

ယီမင် အပစ်အခတ် ရပ်စဲရေး ဧပြီလ ၁၀ ရက်တွင် စတင်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ သံတမန် ပြောကြား

ယီမင်နိုင်ငံ မြောက်ပိုင်းတွင် ဆန္ဒပြသူများအား မတ်လ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

ယီမင်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲအား ဧပြီလ ၁၀ ရက်၌ စတင်မည် ဖြစ်ကြောင်း ကုလ သမဂ္ဂ အထူးသံတမန် အစ္စမေးလ် အိုးလ် ချိခ် အမန်း (Ismail Ould Cheikh Ahmed) က မတ်လ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ယီမင် အစိုးရ အတိုက်အခံဘက်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုမူ ဧပြီလ ၁၈ ရက်တွင် ကူဝိတ်၌ စတင်မည် ဖြစ် ကြောင်း အမန်းက ပြောသည်။

“ဒီဆွေးနွေးပွဲများကနေ ပြီးပြည့်စုံတဲ့ သဘောတူညီမှု ရရှိရန်ဖြစ်ပြီး ပဋိပက္ခ အဆုံးသတ်ကာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ပဋိညာဉ် ၂၂၁၆ (၂၀၁၅) အပါအဝင် အခြား ပဋိဉာဉ်များအရ နိုင်ငံရေး ဆွေးနွေးမှုများ ပြန်စနိုင်ရန် အတွက် ရည်ရွယ်ထားတယ်” ဟု အမန်းက ပြောသည်။

ယခု ပြုလုပ်မည့် ဆွေးနွေးပွဲများအား စစ်သွေးကြွများနှင့် လက်နက်ကိုင် အဖွဲ့များ ရုပ်သိမ်းရေး၊ နိုင်ငံသို့ လက်နက်ကြီးများ လွှဲပြောင်းပေးရေး၊ ကြားဖြတ် လုံခြုံရေး အပြင်အဆင်များ၊ အဖွဲ့အစည်းများ ပြန်လည်ဖွဲ့စည်း ရေးနှင့် သီးသန့် နိုင်ငံရေး ဆွေးနွေးပွဲ ပြန်လည် စတင်နိုင်ရေးနှင့် အကျဉ်းသားများနှင့် ထိန်းသိမ်းခံထားသူများ အတွက် အထူးကော်မတီ တစ်ရပ် ဖွဲ့စည်းပေးရေး စသည့် အဓိက ကဏ္ဍ ငါးခုအား ဆွေးနွေးမည် ဖြစ်သည်။
ယခင်က ယီမင်နိုင်ငံ အပစ်အခတ်ရပ်စဲရေးအတွက် ကြိုးပမ်းခဲ့သော်လည်းပဲ မအောင်မြင်ခဲ့ပေ။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.