Connect with us

Asia

ဗီယက်နမ်အလယ်ပိုင်း ကုန်းမြင့်ဒေသ၌ ရေကြီးမှုအတွင်း ၁၅ ဦးသေဆုံး

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း၌ ရေကြီးမှုဖြစ်ပွားနေသည်ကိုတွေ့ ရစဉ်(ဆင်ဟွာ)

ဟနွိုင် ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသ နှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေရာ လူပေါင်း ၁၅ ဦးသေဆုံးပြီး ၆ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝဘေးအန္တရာယ်ကြိုတင်တားဆီးရေးနှင့်ထိန်းချုပ်ရေးဌာနက နိုဝင်ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။

အဆိုပါဌာန၏ အင်တာနက်စာမျက်နှာတွင် အလယ်ပိုင်း Phu Yen ပြည်နယ်တွင် ရေကြီးမှုဒဏ်ကို အဆိုးဝါးဆုံးခံစားနေရကြောင်း ၊ အလယ်ပိုင်း ၁၃ ပြည်နယ်အပါအဝင် အလယ်ပိုင်းကုန်းပြင်မြင့်ဒေသများတွင် ရေကြီးရေလျှံခြင်းအကျိုးသက်ရောက်မှုခံစားနေရကြောင်း နှင့် လူပေါင်း ၇ ဦးသေဆုံးပြီး တစ်ဦးပျောက်ဆုံးလျက်ရှိကြောင်း ဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံအလယ်ပိုင်း Quang Binh ပြည်နယ်တွင် ရေကြီးမှုကြောင့် ၃ ဦးသေဆုံးကြောင်း ၊ Quang Tri နှင့် Binh Dinh ပြည်နယ်များတွင် ဒေသခံ နှစ်ဦးစီ ပျောက်ဆုံးနေကြောင်း သိရသည်။အလယ်ပိုင်းကုန်းမြင့်ဒေသ၏ Dak Lak ပြည်နယ်၌ သေဆုံးသူ တစ်ဦးကို နောက်ဆုံးရှာဖွေတွေ့ရှိထားသည်။

ဗီယက်နမ်နိုင်ငံတွင် ပြီးခဲ့သော အောက်တိုဘာလ ၃၁ ရက် ညနေပိုင်းမှ စတင်ကာ တစ်ပတ်တိတိမိုးများအဆက်မပြတ် ရွာသွန်းခဲ့ရာ ဒေသနှစ်ခုအတွင်း လူနေအိမ်ပေါင်း ၄၁,ဝဝဝ နီးပါး ရေလွှမ်းမိုးခဲ့ကြောင်း သိရသည်။

လုံးချင်းအိမ်ယာတစ်လျှောက်တွင် အိမ်အလုံးပေါင်း ၂၂၃ လုံးသည် ၅ဝ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိ ပျက်စီးသွားကြောင်း ဌာန ထုတ်ပြန်ချက်အရ သိရသည်။ စိုက်ပျိုးရေးကဏ္ဍတွင် ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးရွာစွာခံစားခဲ့ရပြီး စုစုပေါင်း စပါး နှင့် သီးနှံ စိုက်ပျိုးမြေ ၁၂,ဝဝဝ ဟက်တာခန့်ရေနစ်မြုပ်သွားကြောင်း ၊ ကြက်ဘဲ ၄၂,၇၂၄ ကောင် နှင့် ကျွဲနွား ၄၄ဝ ကောင် ရေနှင့်အတူ မြောပါသွားကြောင်း သိရသည်။

Phu Yen ပြည်နယ် ဒေသအာဏာပိုင်များက ရေဘေးသင့် ပြည်သူ ၃၃,၆ဝဝ ဦးအတွက် ဆန်တန်ချိန် ၁,၁ဝဝ တန်ကို ထောက်ပံ့ပေးရန် အစိုးရအား တိုက်တွန်းထားကြောင်းသိရသည်။

Thua Thein-Hue ပြည်နယ် ၊ Quang Binh ပြည်နယ် ၊ Quang Tri ပြည်နယ် နှင့် Ha Tinh ပြည်နယ်များတွင် ရေများ စတင်လျော့ကျနေပြီဖြစ်သော်လည်း Phu ပြည်နယ် နှင့် Dak Lak ပြည်နယ်များတွင်မူ နိုဝင်ဘာလ ၆ ရက်အထိ ရေကျခြင်း မရှိသေးကြောင်း သိရသည်။

ရေဘေးသင့်ဒေသများတွင် မြေပြိုခြင်းများ နှင့် ရေနစ်ခြင်း ဒဏ်ကို ဒေသခံများ မခံစားရအောင် မိုးရွာသွန်းမှု နှင့် ရေကြီးမှုကို အထူးသတိပြုနေထိုင်သင့်ကြောင်း ဗီယက်နမ်နိုင်ငံသဘာဝဘေးအန္တရာယ်ကြိုတင်တားဆီးရေးဌာနက သတိပေးထားကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.