Connect with us

Asia

အိန္ဒိယနိုင်ငံတွင် လှေတိမ်းမှောက်မှုကြောင့် ကလေးငါးဦးသေ၊ ငါးဦးပျောက်ဆုံး

အိန္ဒိယနိုင်ငံ Bihar ပြည်နယ်တွင် ၂၀၁၂ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် လှေတိမ်းမှောက်မှု ဖြစ်စဉ် တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ မတ် ၁၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် တွင် မတ်လ ၁၃ ရက်က ကလေးငယ် ၁၃ ဦး တင်ဆောင်လာသည့် လှေတစ်စင်း တိမ်းမှောက်မှုကြောင့် အနည်းဆုံး ကလေးငါးဦး သေဆုံးပြီး ငါးဦး ပျောက်ဆုံးလျက် ရှိကြောင်း တာဝန်ရှိ သူများက ပြောကြားခဲ့သည်။

လှေတိမ်းမှောက်မှု သည် Bihar ပြည်နယ်၏ မြို့တော် Patnaမှ ၁၂၁ ကီလီုမီတာ အကွာရှိ Begusarai ခရိုင် ၏ Kumhar Sang ရွာအနီး ရှိ ရေကြောင်း ကျဉ်းမြောင်းသည့် နေရာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဒေသတွင် တာဝန် ထမ်းဆောင်နေသည့် ရဲအရာရှိ တစ်ဦးက လှေတိမ်းမှောက်မှုကြောင့် ကလေးငါးဦး သေဆုံးခဲ့ကြောင်း၊ ကလေး သုံးဦးသည် ရေကူးနိုင်ခဲ့သည့် အတွက် အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း နှင့် ကျန်ကလေး ငါးဦးမှာမူ ပျောက်ဆုံးလျက် ရှိကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံပိုင် အသံလွှင့်ရုံ All India Radio (AIR) က အာဏာပိုင်များသည် ပျောက်ဆုံးနေသည့် ကလေးငါးဦး အား ရှာဖွေရန် ရေငုပ်သမားများ စေလွှတ်ထားပါကြောင်း သတင်းထုတ်လွှင့်ခဲ့သည်။

AIR ၏ ထုတ်လွှင့်မှုအရ ကလေးငယ် ၁၃ ဦးသည် ရေကစားရန်အတွက် လှေစီးထွက်လာချိန်တွင် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် တစ်ပတ်ကလည်း Odisha ပြည်နယ်ရှိ မြစ်တစ်စင်းတွင် ခရီးသည် ပိုမိုတင်ဆောင်လာသည့် လှေတစ်စင်း တိမ်းမှောက်ခဲ့မှုကြောင့် လူနှစ်ဦးသေဆုံးပြီး ငါးဦး ပျောက်ဆုံး ခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.