Connect with us

Asia

အီတလီ ပညာရှင်က တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ ပြောင်းလဲတိုးတက်မှုကိုဖွင့်ဟ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အရှေ့ပိုင်း ရှန်ဟဲမြို့တွင် အခြားယာဉ်ကြောများ ကိုဖြတ်ရန် မလိုသည့် မိုးပျံကားလမ်း လမ်းကူးလမ်းပြောင်းတစ်နေရာကိိုုတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၂၄ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏သမိုင်းကြောင်း၊နိုင်ငံရေး၊ဘာသာစကားနှင့်ရိုးရာအစဉ်အလာတို့ကို လေ့ လာသူအီတလီနိုင်ငံသား ပညာရှင်တစ်ဦးဖြစ်သော ဖီဒရီကို မာဆီနီ(Federico Masini) က တရုတ်နိုင် ငံထူထောင်ခဲ့သည့် နှစ်ပေါင်း ၇၀ သော ကာလအတွင်း တရုတ်ပြည်သူတို့၏ဘဝမှာ အရှိန်အဟုန်ဖြင့် ကြီးမားစွာပြောင်းလဲခဲ့ပါကြောင်း ဆင်ဟွာသတင်းဌာန ၏တွေ့ဆုံမေးမြန်းမှုတစ်ရပ်တွင် ပြောကြားခဲ့ သည်။

မာဆီနီ က ရောမမြို့ရှိ La Sapienza တက္ကသိုလ်မှ တရုတ်ဘာသာစကားနှင့်စာပေဆိုင်ရာပါမောက္ခ တစ်ဦးဖြစ်ပြီး ကွန်ဖြူးရှပ်စ်တက္ကသိုလ် ၏ အီတလီနိုင်ငံသားညွှန်ကြားရေးမှူးလည်းဖြစ်သည်။ ၎င်းက “တရုတ်ဘာသာစကားကို ၁၉၇၆ ခုနှစ်ထဲက ကျွန်တော်စတင်လေ့လာခဲ့တယ်။အဲဒီတုံးကကျွန်တော် အထက်တန်းကျောင်းသားဘဝပဲရှိသေးတာပေါ့။ကျွန်တော့်အတွက် တရုတ်ဘာသာစကား၊ယဉ်ကျေး မှုနဲ့ အထူးသဖြင့် ဒဿနိကဗေဒ အပေါ် စိတ်ဝင်စားမှုတစ်ဖြည်းဖြည်းမြင့်တက်လာခဲ့တယ်” ဟုပြော ကြားခဲ့သည်။

မာဆီနီက ပေကျင်းတွင် ၁၉၈၂ ခုနှစ်မှစ၍ တရုတ်ဘာသာကိုလေ့လာသင်ယူခဲ့ကာ နောက်ပိုင်းတွင် တရုတ်နိုင်ငံဆိုင်ရာအီတလီသံရုံး၌ နှစ်အတန်ကြာ အလုပ်လုပ်ခဲ့သည်။ ထိုကာလအတွင်းတရုတ်နိုင်ငံ ၏တိုးတက်ပြောင်းလဲမှုများကို ၎င်းအဖို့မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသည်။၎င်းက “တရုတ်ပြည်သူတွေ ဟာ ဥရောပနဲ့အမေရိကန်ပြည်ထောင်စု မ ှပြည်သူတွေနဲ့နှိုင်းယှဉ်ရင် အလွန်အေးဆေးတိတ်ဆိတ်တဲ့ ဘဝ ကိုပိုင်ဆိုင်ကြတာပါ။တရုတ်ပြည်သူတွေဘဝမှာ အဓိက ပြောင်းလဲတာကတော့သူတို့ရဲ့ဘဝတွေ တိုးတက်ပြောင်းလဲလာတာပဲ၊ဒါကိုအီတလီကနေ တရုတ်နိုင်ငံကိုသွားခဲ့ရင်တွေ့ရမှာပါ။ ဥရောပထက် သာလွန်တဲ့တိုးတက်မှုအရှိန်ကို ရနေတဲ့တရုတ်ပြည်သူတွေရဲ့ခံစားချက်ကိုတွေ့ရမှာပါ” ဆင်ဟွာ သို့ ပြောကြားသွားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟဲဘေးပြည်နယ်၊ ချင်းဟယ်ခရိုင် တွင် မူလတန်းကျောင်း တစ်ကျောင်း၌ ကျောင်းသားလေးများကို တရုတ်စာသင်ကြားနေစဉ်။(ဆင်ဟွာ)

မာဆီနီ ကဆက်လက်၍ လွန်ခဲ့သည့်နှစ်ငါးဆယ် ကတရုတ်ပြည်သူတို့၏ဘဝသက်တမ်းမှာယခုအချိန် နှင့်နှိုင်းယှဉ်လျှင် အလွန်တိုတောင်းခဲ့ကြောင်းလည်းပြောခဲ့သည်။ ယခုအခါတရုတ်ပြည်သူတို့၏ပျမ်းမျှ ဘဝသက်တမ်းမှာ ၂၀၁၇ ခုနှစ်က ၇၆ နှစ်သို့ရောက်ရှိလာခဲ့သေ်ာလည်း ၁၉၆၀ ပြည့်နှစ်ကဆိုလျှင် ၄၄ နှစ်သာရှိခဲ့သည်။

ထို့ပြင် မာဆီနီ ကလွန်ခဲ့သောဆယ်စုနှစ်များအတွင်းတရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးမှုကို လေ့လာကြည့်ပါက လူ့အဖွဲ့အစည်းနှင့် စီးပွားရေး ကဏ္ဍတို့တွင်အဓိကတွေ့နိုင်ကြောင်းလည်းပြောခဲ့ သည်။ တရုတ်နိုင်ငံနှင့်ပတ်သက်၍ အချို့နိုင်ငံများမှ အထင်အမြင်လွဲမှားမှုများရှိခဲ့သည်ကလည်းမမှန် ကန်ပါကြောင်း၊၎င်းကတရုတ်နိုင်ငံအားကမ္ဘာ့ အခြားဒေသများနှင့်ကင်းကွာစေရန်သာဖြစ်ကြောင်း၊ထို အခြေအနေကလည်းပြောင်းလဲခဲ့ပြီဖြစ်ကြောင်း၊ကိုယ်မသိသည့်ကိစ္စကိုကြောက်ရွံ့နေရန်မလိုကြောင်း၊ နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုများနှင့်အပြန်အလှန်ဖလှယ်မှုများကို တိုးတက်လုပ်ဆောင်ကြ ခြင်းဖြင့် ထိပ်တိုက်တွေ့ဆုံမှုများကို တားဆီးရန်အကောင်းဆုံးနည်းလမ်းကို ရယူကြရမည်ဖြစ်ကြောင်း မာဆီနီက ဆင်ဟွာသို့ပြောကြားသွာခဲ့ပေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.