Connect with us

Asia

ဂျပန်နိုင်ငံအရှေ့တောင် ကမ်းရိုးတန်းတွင် အင်အား ၅.၂ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွား၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်ခြင်းမရှိ

ငလျင်တစ်ခု၏ အင်အားပမာဏအား တိုင်းထွာရရှိပုံ (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ မတ် ၃ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ တောင်ဘက် ကမ်းရိုးတန်းအလွန်တွင် မတ်လ ၂ရက် နှောင်းပိုင်းက အင်အား၅.၂ ရှိသည့် ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ကြောင်း မိုးလေဝသဋ္ဌာနကပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မိုးလေဝသဋ္ဌာန (JMA) က ကမ်းလွန်ပင်လယ်ပြင်၌ လှုပ်ခတ်သွားသော ငလျင်သည် မြောက်လတ္တီကျု ၃၂.၆ဒီဂရီ နှင့် အရှေ့လောင်ဂျီကျု ၁၃၂.၁ဒီဂရီ ကို ဗဟိုပြု၍ ဒေသစံတော်ချိန် ည ၁၁း၅၃မိနစ် တွင် လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ငလျင်သည် အနက် ၃၀ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်သွားခြင်းဖြစ်ကြောင်း JMA ကပြောကြားခဲ့သည်။

မီယာဇာကိ၊ ကူမာမိုတို နှင့် အိုအီတာ စီရင်စုများ ရှိ ဧရိယာများတွင် ဂျပန်နိုင်ငံမြေငလျင်တိုင်းတာမှုစကေး ၄ အဆင့်ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဂျပန်နိုင်ငံမြေငလျင်တိုင်းတာမှုစကေး တွင် အင်အားအဆင့် ၇သည် အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။

ထို့ပြင် အင်အားအသင့်အတင့်ရှိသော ငလျင်တစ်ခုကိုလည်း ကိုချီ၊ ဟီရိုရှီးမား၊ ယာမာဂူချီ၊ ဖူကိုအိုတာ နှင့် ဆာဂါ စီရင်စုများတွင် တိုင်းထွာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၂ ရက် နံနက် ၁၂း၀၈နာရီတွင် အင်အား ၄.၀ ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ပြီးနောက် အလားတူ နေရာ၌ အင်အား ၅.၂ ရှိသော ငလျင် ထပ်မံလှုပ်ခတ်ခဲ့ကြောင်း နှင့် မိုးလေဝသဋ္ဌာနက ယင်းငလျင်သည် နောက်ဆက်တွဲ ငလျင်တစ်ခုဖြစ်နိုင်ကြောင်း ပြောကြားခဲ့သည်။

JMA က ငလျင်များ၏ နောက်ဆက်တွဲရလဒ်အဖြစ် ဆူနာမီဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်ထုတ်ပြန်ခြင်း မရှိကြောင်း သိရသည်။ (Xinhua)