Connect with us

Asia

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ အနုမြူဗုံးကျဲခံရခြင်း ၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ်တွင်ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ အနုမြူဗုံကျဲခံရခြင်း ၇၄နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမြင်ကွင်းများ (ဆင်ဟွာ)

တိုကျို ၊ ဩဂုတ် ၆ ရက်(ဆင်ဟွာ)

ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့၌ အနုမြူဗုံးကျဲခံရခြင်း ၇၅ နှစ်မြောက် အောက်မေ့ဖွယ် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့ ဩဂုတ် ၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကမ္ဘာကြီးအနေဖြင့် နျူကလီးယားလက်နက်များ အပါအဝင် လူသားမျိုးနွယ်စုတစ်ရပ်လုံးအပေါ် ခြိမ်းခြောက်မှုများအား စည်းစည်းလုံးလုံး ဆန့်ကျင်တိုက်ဖျက်သွားရမည်ဖြစ်ကြောင်း ဟီရိုရှီးမားမြို့တော်ဝန်က တိုက်တွန်းပြောကြားခဲ့သည်။

မြို့တော်ဝန် Kazumi Matsui က နိုင်ငံများအနေဖြင့် “ ၎င်းတို့ရဲ့မတူကွဲပြားမှုကို ဘေးမှာ ထားပြီး ဘဘာဝဘေး နဲ့ လူလုပ်ဘေး စိန်ခေါ်မှု နှစ်ခုစလုံးကို အတူတကွကျော်လွှားသွားရမှာပါ” ဟုဆိုသည်။“ လူမှုအသိုင်းအဝိုင်းဟာ မိမိကိုယ်ကိုဗဟိုပြုတဲ့ အမျိုးသားရေးဝါဒကို ဖယ်ရှားပစ်ရပါမယ် ၊ ပြီးတော့ ခြိမ်းခြောက်မှုအားလုံးကို ဆန့်ကျင်သွားရပါမယ်” ဟု ငြိမ်းချမ်းရေးအမှတ်တရပန်းခြံတွင် ပြုလုပ်သော နှစ်ပတ်လည်နေ့ အခမ်းအနားတွင် Matsui က ပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင်ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ အနုမြူဗုံကျဲခံရခြင်း ၇၄နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမြင်ကွင်းများ (ဆင်ဟွာ)

အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို မူလက ကြီးကျယ်ခမ်းနားစွာ ကျင်းပရန်စီစဉ်ထားသော်လည်း ဂျပန်နိုင်ငံတွင် COVID-19 ကူးစက်မှု အသစ်တစ်ဖန်ပြန်လည်မြင့်တက်လာရာ လူများအချင်းချင်းခပ်ခွာခွာနေထိုင်ရန် လိုအပ်သဖြင့် လူအနည်းငယ်ဖြင့်သာ ပြောင်းလဲ ကျင်းပခဲ့ရခြင်းဖြစ်သည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအပါအဝင် အခမ်းအနားတက်ရောက်လာကြသူများက ၁၉၄၅ ခုနှစ် ဩဂုတ် ၆ ရက်က ဟီရိုရှီးမားမြို့ပေါ်သို့ အမေရိကန်ဗုံးကျဲလေယာဉ်ပေါ်မှ လူငယ်လေး “Little Boy” ဟု အမည်ရသော အနုမြူဗုံးကျဲခံရချိန် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၅ မိနစ်တွင် အောက်မေ့ဖွယ်အထိမ်းအမှတ်အဖြစ် ခေတ္တခဏငြိမ်သက်ခဲ့ကြကြောင်း သိရသည်။

၂၀၁၉ ခုနှစ်တွင်ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ အနုမြူဗုံကျဲခံရခြင်း ၇၄နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမြင်ကွင်းများ (ဆင်ဟွာ)

အဆိုပါ အနုမြူဗုံးကျဲချမှုကြောင့် ၁၉၄၅ နှစ်ကုန်ပိုင်းအထိ ဂျပန်နိုင်ငံသား ၁၄၀,၀၀၀ ခန့်သေဆုံးခဲ့ရသည်။ဂျပန်နိုင်ငံသည် နျူကလီးယားလက်နက် ပိတ်ပင်တားဆီးမှုသဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်လင့်ကစား ဝန်ကြီးချုပ်အာဘေးက နိုင်ငံများအနေဖြင့် ရှေ့ဆက်နျူကလီးယားလက်နက် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုကို ခွင့်ပြု၍ မရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

၂၀၁၉ ခုနှစ်တွင်ကျင်းပပြုလုပ်ခဲ့သည့် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ အနုမြူဗုံကျဲခံရခြင်း ၇၄နှစ်မြောက် အထိမ်းအမှတ်အခမ်းအနားမြင်ကွင်းများ (ဆင်ဟွာ)

“ နျူကလီးယား လက်နက်ဖျက်သိမ်းရေးအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတွေမှာ မတူကွွဲပြားမှု ပိုမိုကျယ်ပြန့်လာတာရယ် ထိလွယ်ရှလွယ်တဲ့ လုံခြုံရေးဆိုင်ရာ ပတ်ဝန်းကျင်ရယ် အဲလို အနေအထားကြားမှာ နှစ်ဖက် ပူးပေါင်းပါဝင်မှုနဲ့ တွေ့ဆုံညှိနှိုင်းမှုတစ်လျှောက် ယုံကြည်မှု မရှိတဲ့အမြင်တစ်ခုကို  ဖယ်ရှားသွားနိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်မှုခြေလှမ်းတွေကို နိုင်ငံတိုင်းက မဖြစ်မနေလုပ်ဆောင်သွားရမှာပါ” ဟု ဂျပန်ဝန်ကြီးချုပ်ကဆိုသည်။

၁၉၄၅ ခုနှစ် တွင် ဂျပန်နိုင်ငံ ဟီရိုရှီးမား နှင့် နာဂါဆာကီ မြို့နှစ်မြို့ပေါ်သို့ အမေရိကန်နိုင်ငံက နျူကလီးယားဗုံးတစ်လုံးစီ ကျဲချခဲ့ရာ ဂျပန်လူမျိုး  သိန်းနှင့်ချီအသက်ဆုံးရှုံးခဲ့ရပြီး တစ်ဆက်တည်းမှာပင် ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့ လက်နက်ချအညံ့ခံခဲ့ရသည်။ 

ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်မတိုင်မီ နှင့် စစ်အတွင်း အာရှတိုက် နေရာများစွာကို ရက်ရက်စက်စက် ကျူးကျော် ဝင်ရောက်သိမ်းပိုက်ခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ ထောင်ပေါင်းစွာ အသက်သေဆုံးခဲ့ရသလို လူပေါင်းများစွာ ဆင်းရဲ ဒုက္ခခံစားခဲ့ရကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.