Connect with us

Asia

ဂျပန် ဘဏ်ခွဲတစ်ခု မြန်မာနိုင်ငံတွင် ယခုနှစ် ဖွင့်လှစ်မည်

ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားသော ဂျပန်ဘဏ်လုပ်ငန်းဆိုင်ရာ ကိုယ်စားလှယ်ရုံးခွဲအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆ ရက် (ဆင်ဟွာ)

ဂျပန် ဘဏ် Sumitomo Mitsui Banking Corporation (SMBC) မှ မြန်မာနိုင်ငံတွင် ယခုနှစ် ၌ ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း မီဒီယာများအား ဖေဖော်ဝါရီ ၁၆ ရက်တွင် ပြောကြားသည်။

၎င်းဘဏ်သည် ဂျပန် လူမျိုးများ နှင့် မြန်မာနိုင်ငံတွင် လာရောက်လုပ်ကိုင်နေသည့် လုပ်ငန်းများ အတွက် ဘဏ်အပ်နှံငွေများ လက်ခံခြင်းနှင့် ချေးငွေ ဝန်ဆောင်မှုများ ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။

နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် အောက်တိုဘာလ မှစတင်ကာ နိုင်ငံခြား ဘဏ်ခွဲများ ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး SMBC အပါအဝင် နိုင်ငံခြား ဘဏ် ၉ ခု ဖွင့်လှစ်ခွင့် လိုင်စင် ရထားပြီး ဖြစ်သည်။

ထို နိုင်ငံခြားဘဏ် (၉) ခုမှာ ဂျပန်မှ အခြားဘဏ် (၂) ခု၊ စင်ကာပူမှ ဘဏ်(၂) ခု၊ တရုတ်နိုင်ငံမှ ဘဏ်(၁) ခု၊ မလေးရှား၊ ထိုင်းနိုင်ငံ နှင့် နယူးဇီလန် တို့မှ ဘဏ်များ ဖြစ်သည်။

လိုင်စင် ရထားသည့် ဘဏ်များသည် ဘဏ်လုပ်ငန်း စတင်ခွင့် ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ သူများ နှင့် ပြည်တွင်းဘဏ်များကို ချေးငွေ ထုတ်ချေးခွင့် ခွင့်ပြုထားသည်။ ၎င်း နိုင်ငံခြားဘဏ်များ သည် ပြည်တွင်း ဘဏ်များ မှတဆင့် ပြည်တွင်းလုပ်ငန်းများ ကို ချေးခွင့်၊ ပြည်တွင်း ဘဏ်များနှင့် ပူးပေါင်း၍ အသင်းအဖွဲ့များ ချေးငွေ စသည်တို့ ကို လုပ်ကိုင်ခွင့် ပြုထားသည်။

ပြီးခဲသည့် (၁၀) စုနှစ် များတွင် မြန်မာနိုင်ငံသည် နိုင်ငံခြားဘဏ်များကို ကိုယ်စားလှယ် ရုံးခွဲသာ ဖွင့်လှစ်ခွင့် ပြုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.