Connect with us

Asia

စွမ်းအင်၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဈေးကွက်တွင် အမေရိကန် ဒေါ်လာ ၂၉၈ သန်း အိန္ဒိယနှင့် ဗြိတိန် ပူးတွဲ ရင်းနှီးမြှုပ်နှံမည်

အိန္ဒိယနိုင်ငံရှိ ဆိုလာစွမ်းအင် စက်ရုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဈေးကွက် လျင်မြန်စွာ တိုးတက်လာစေရေး ငွေကြေးထောက်ပံ့ရန်အတွက် အမေရိကန် ဒေါ်လာ ၁၄၉.၃၅ သန်းရှိသော ရန်ပုံငွေ တစ်ရပ် တည်ထောင်ရန် အိန္ဒိယနှင့် ဗြိတိန်နိုင်ငံတို့က သဘောတူခဲ့ကြောင်း သိရသည်။

အဆိုပါ ကဏ္ဍအတွက် ကနဦး ရင်းနှီးမြှုပ်နှံမှုများအပေါ် ဦးတည်ကာ ရန်ပုံငွေအား အမေရိကန် ဒေါ်လာ ၂၉၈.၇ သန်းအထိ တိုးမြှင့်သွားရန် ရည်ရွယ်ထားသည်။

“ဒီရန်ပုံငွေဟာ အိန္ဒိယရဲ့ စွမ်းအင်နှင့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဈေးကွက် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကနဦး ရင်းနှီးမြှုပ်နှံလိုက်တာ ဖြစ်ပြီး ရန်ပုံငွေ မန်နေဂျာကို ဆောင်းဦးရာသီမှာ ရွေးချယ်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နှစ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးများက ကြေညာခဲ့တယ်” ဟု ဧပြီလ ၄ ရက်တွင် ထုတ်ပြန်သည့် တရားဝင် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဖိလစ်ဟမ်မွန်က (Philip Hammond) လက်ရှိ အိန္ဒိယတွင် ရောက်ရှိနေသော ကုန်သွယ်ရေးအဖွဲ့က ကနှစ်နိုင်ငံအကြား ကုန်သွယ်မှု မြှင့်တင်ရေးအတွက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုးကြိမ်မြောက် ဗြိတိန်-အိန္ဒိယ စီးပွားရေးနှင့် ငွေကြေးဆိုင်ရာ ဆွေးနွေးပွဲအား ဧပြီလ ၄ ရက်က နယူးဒေလီတွင် ပြုလုပ်ခဲ့ပြီး ဟမ်မွန်နှင့် အိန္ဒိယနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Arun Jaitley က မိန့်ခွန်း ပြောကြားခဲ့သည်။

ဟမ်မွန်သည် ဧပြီလ ၅ ရက်၌ မွမ်ဘိုင်းတွင် ပြုလုပ်သည့် ညီလာခံသို့ တက်ရောက်မည် ဖြစ်ပြီး Bank of England အကြီးအကဲ Mark Carney နှင့် ဗြိတိန် အစိုးရ ဝန်ကြီးများအဖွဲ့ အကြီးအကဲများ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသည် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများနှင့် ငွေကြေးဆိုင်ရာ နည်းပညာ ဦးဆောင်စင်တာတို့တွင် အကြီးဆုံး တင်ပို့သူလည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.