Connect with us

Asia

အိန္ဒိယအလယ်ပိုင်းတွင် နေအိမ်အတွင်းပေါက်ကွဲမှုကြောင့် မိသားစုဝင် ၆ဦး သေဆုံး

အိန္ဒိယနိုင်ငံရှိ မီးရှူးမီးပန်း ထုတ်လုပ်ရေးလုပ်ငန်းခွင်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် တွင် ဧပြီ ၅ ရက်က နေအိမ်တစ်လုံးအတွင်း သိုလှောင်ထားသည့် မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့် မိသားစုဝင် ၆ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Madhya Pradesh ပြည်နယ် မြို့တော် Bhopal မြို့ မြောက်ဘက် ၄၃၉ကီလိုမီတာ အကွာခန့် Datia ခရိုင်၊ Seondha မြို့တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြီးတန်း ရဲအရာရှိတစ်ဦးဖြစ်သူ Irshad Wali က ဧပြီ၅ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဝမ်းနည်းစရာ အိမ်တွင်း ပေါက်ကွဲမှုတစ်ခုကြောင့် မိသားစုဝင် ၆ဦးသေဆုံးခဲ့ကြောင်း Datia ခရိုင်မှ ဆင်ဟွာသို့ ဖုန်းဖြင့်ပြောကြားခဲ့သည်။

နေအိမ်သည်လည်း ဆက်တိုက်ပေါက်ကွဲမှုများကြောင့် များစွာထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Wali ၏ပြောကြားချက်အရ အိမ်ပိုင်ရှင်သည် ၎င်း၏ နေအိမ်အတွင်း မီးရှူးမီးပန်းများအား သိုလှောင်ထားကြောင်း သိရသည်။

၎င်း က အိမ်ပိုင်ရှင်သိုလှောင်ထားသည့် မီးရှူးမီးပန်းများ ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး မူခင်းဆိုင်ရာ ကျွမ်းကျင်သူအဖွဲ့က အခင်းဖြစ်ပွားရာနေရာမှ နမူနာပစ္စည်းများကို စုဆောင်းကာ တိကျသည့် စစ်ဆေးမှုများပြုလုပ်နိုင်ရန် ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။

ရဲအရာရှိများက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာသို့ အလျင်အမြန်သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

Madhya Pradesh ပြည်နယ်ဝန်ကြီးချုပ် Shivraj Singh Chouhan က ပေါက်ကွဲမှုအတွင်း သေဆုံးသွားသူများအတွက် ဝမ်းနည်းပါကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် မီးရှူးမီးပန်းများမှတစ်ဆင့် ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ ရှိ ပွဲတော်များ၊ မင်္ဂလာဆောင်များ နှင့် အခြား အထိမ်းအမှတ်ပွဲများတွင် မီးရှူးမီးပန်းများ ပစ်ဖောက်လေ့ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.