Connect with us

Asia

တာလီဘန် ထိပ်တန်း ခေါင်းဆောင် မူလာ အက်ခ်ထာ မိုဟာမက် မန်စွာ ဒဏ်ရာများကြောင့် သေဆုံးကြောင်း အာဖဂန် နစ္စတန် နိုင်ငံမှ တရားဝင်ပြောကြား

တာလီဘန် ထိပ်တန်း ခေါင်းဆောင် မူလာ အက်ခ်ထာ မိုဟာမက် မန်စွာ အားတွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

တာလီဘန် ထိပ်တန်း ခေါင်းဆောင် မူလာ အက်ခ်ထာမန်စွာ မှာ ၎င်းရရှိထားသော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း အာဖဂန် နစ္စတန် နိုင်ငံ ပထမ ဒုတိယသမ္မတ ၏ ပြောရေးဆိုခွင့်ရှိသူ စူလ်တန် ဖေဇီးက ၎င်း၏ တွစ်တာ အကောင့်တွင် အတည်ပြုပြောကြား လိုက်သည်။

မန်စွာသည် ဇူလိုင်လ နှောင်းပိုင်းက သေဆုံးခဲ့သည့် တာလီဘန် ခေါင်းဆောင်ဟောင်း မူလာ မိုဟာမတ် အိုမာနေရာကို ဆက်ခံထားသူ ဖြစ်သည်။ ထိုသို့ မန်စွာ ရောက်ရှိလာပြီးနောက် အဖွဲ့အတွင်း နှစ်ဘက် ဂိုဏ်းကွဲ သွားရာမှ သေနတ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်း ရုပ်သံလိုင်း 1TV သတင်းအရ မန်စွာသည် ပါကစ္စတန်နိုင်ငံ Quetta မြို့၌ ဒီဇင်ဘာလ ၁ ရက်နေ့ က ဒဏ်ရာရရှိခဲ့ပြီး ထိုဒဏ်ရာဖြင့်ပင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။

တာလီဘန် ပြောရေး ဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ကမူ ယင်းသို့ ထုတ်ပြန်ချက်မှာ အခြေအမြစ် မရှိကြောင်း ငြင်းဆိုထားပြီး အများပြည်သူအား လှည့်ကွက်အဖြစ် ဝါဒ ဖြန့်ထားခြင်း ဖြစ်ကြောင်း သတင်း ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

ပြည်တွင်း သတင်းမီဒီယာ တစ်ခုတွင်လည်း မူလာ မန်စွာ သေဆုံးကြောင်း တာလီဘန် ခေါင်းဆောင်ဟောင်း မူလာ အမ်မာ ခန် မူတာကီ၏ ပြောစကားအား ကိုးကား ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.