Connect with us

Asia

အာဆီယံ စီးပွားရေး ၂၀၁၉ ခုနှစ်အထိ ၅.၆ ရာခိုင်နှုန်း နှစ်စဉ်တိုးချဲ့ရန်ရှိ

မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်(ဝဲမှစတုတ္တ) အား အာဆီယံခေါင်းဆောင်များ နှင့် အတူ မြင်တွေ့ရစဉ် (ဆင်ဟွာ)

ကွာလာလမ်ပူ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အာဆီယံ စီးပွားရေး အသိုက်အဝန်း (အေအီးစီ) အကောင်အထည်ဖော်ခြင်း နှင့်အတူ ၂၀၁၉ ခုနှစ်ထိ အာဆီယံ စီးပွားရေးအား ၅.၆ ရာခိုင်နှုန်း နှစ်စဉ် တိုးချဲ့သွားရန် မျှော်မှန်းထားကြောင်း မလေးရှားနိုင်ငံ ဝန်ကြီးချုပ် နာဂျစ် ရာဇတ်က နိုဝင်ဘာလ ၂၀ ၇က်နေ့တွင် ပြောကြားလိုက်သည်။

အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး ၂၀၁၅ တွင် ဝန်ကြီးချုပ် နာဂျစ်က အေအီးစီ အကောင်အထည်ဖော်ခြင်းဖြင့် အနာဂတ်ကာလတွင် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက် မြင့်တက်လာနိုင်မည်ဟု ယုံကြည်ကြောင်း ပြောသည်။

“ကျွန်တော်တို့ရဲ့ စီးပွားရေးတွေကို ချဲ့ထွင်ခြင်းဖြင့် ကြွယ်ဝချမ်းသာခြင်းများ ယူဆောင်လာနိုင်သလို ပြည်သူအားလုံးရဲ့ နေထိုင်မှု ဘဝ အဆင့်အတန်း မြှင့်တင်ပေးနို်င်မယ်” ဟု နာဂျစ်က ပြောသည်။

အာဆီယံဒေသ အတွင်း စီးပွားရေး အခွင့်အလမ်းနှင့် အလုပ်အကိုင်များအား ပိုမို ဖန်တီးပေးနိုင်မည်ဖြစ်ပြီး စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံသူများအား ဆက်လက် ဆွဲဆောင်ထားနိုင်မည့် နေရာ ဖြစ်နိုင်ကြောင်း ၎င်းက ထပ်လောင်းပြော ကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117