Connect with us

Asia

တောင်ကိုးရီးယားနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရန် သမ္မတ တောင်းဆို

တောင်ကိုးရီးယားနိုင်ငံ သမ္မတ ပတ်ဂွန်ဟေး မိန့် ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယားနိုင်ငံသမ္မတ ပတ်ဂွန်ဟေး က နှစ်ပေါင်း ၃ဝ နီးပါးသက်တမ်းရှိပြီးဖြစ်သော တိုင်းပြည်၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်မှုပြုလုပ်ရန် ယနေ့အောက်တိုဘာလ ၂၄ ရက်တွင် တောင်းဆို လိုက်ကြောင်း သိရသည်။

တောင်ကိုးရီးယားနိုင်ငံ လွှတ်တော်၌ ၂ဝ၁၇ ခုနှစ်အတွက် ဘတ်ဂျက်အသုံးစရိတ်အစီအစဉ်များကို ရှင်းလင်းပြောကြားစဉ် သမ္မတပတ်ဂွန်ဟေးက ၎င်း၏ သမ္မတသက်တမ်းကုန်ဆုံးမည့် ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလမတိုင်မီ ကာလအတွင်း နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သွားရန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါပြင်ဆင်ရေးဆွဲမည့် “၂ဝ၁၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ” ဆိုင်ရာ လူထုသဘောထား ကောက်ခံခြင်း ၊ ဆွေးနွေးခြင်း နှင့် ပြင်ဆင်ရေးဆွဲမည့် မာတိကာစဉ်များ အဆိုပြုခြင်း ကို ပြုလုပ်ရန် အထူးကော်မတီတစ်ရပ်ကို တောင်ကိုးရီးယားအမျိုးသားလွှတ်တော်က ဖွဲ့စည်းပေးပါရန် သမ္မတ ပတ်ဂွန်ဟေးက တိုက်တွန်းပြောကြားခဲ့သည်။

လက်ရှိတွင် တောင်ကိုးရီးယားနိုင်ငံ၌ ၁၉၈၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ကျင့်သုံးလျက်ရှိပြီး ၊ ၎င်းဥပဒေအရ သက်တမ်း ၅ နှစ်ရှိ သမ္မတရာထူးကို ပြည်သူများက တိုက်ရိုက်ရွေးချယ်တင်မြှောက်ခွင့်ပြုထားသည်။ ယင်းမတိုင်မီက တောင်ကိုးရီးယားနိုင်ငံ၏ သမ္မတကို စစ်အာဏာရှင်စနစ် ထိန်းချုပ်မှုအောက်တွင်ရှိနေခဲ့ရာ ပြည်သူများက တိုက်ရိုက်ရွေးချယ်တင်မြှောက်နိုင်ခြင်း မရှိပါ။

တောင်ကိုးရီးယားနိုင်ငံသမ္မတ ပတ်ဂွန်ဟေးသည် ၎င်း၏ သမ္မတသက်တမ်းအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး နှင့်ပတ်သက်သည့် မည်သည့်အကြံပြုချက်ကို မဆိုငြင်းဆန်ထားခဲ့ရာ ယခုအခါ အံ့သြသင့်ဖွယ် ဖွဲ့စည်းပုံပြင်ဆင်ရေးကိစ္စကို အဆိုပြုခဲ့ခြင်းဖြစ်သည်။ တိုင်းပြည်အရေးကိစ္စအားလုံး၏ တွင်းနက်ကြီးဟု တင်စားခေါ်ဆိုထားသည့် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံ၏ စီးပွားရေး နှင့် လုံခြုံရေး အကြောင်းတရားများပေါ်တွင် ပို၍ အလေးပေးမည့် ပြင်ဆင်မှုမျိုးကို ပြုလုပ်သွားရန် သမ္မတက အဆိုပြုထားခြင်းဖြစ်သည်။

“ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဟာ ၅ နှစ်သက်တမ်း တစ်ကြိမ်ပဲ တာဝန်ထမ်းဆောင်ခွင့်ပြုထားပါတယ်။ အဲဒီ ပြဌာန်းချက်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ နီးပါး ၁၉၈၇ ခုနှစ်ကတည်းက ရေးဆွဲခဲ့တာပါ။ အရင်တုန်းကတော့ ဒီဥပဒေက သင့်တင့်လျောက်ပတ်ပေမယ့် အခုအချိန်မှာတော့ ခန္ဓာကိုယ်အရွယ်အစားနဲ့မလိုက်တဲ့ အဝတ်တစ်ထည်လို ဖြစ်နေပါတယ်” ဟု ပတ်က ဆိုသည်။

တောင်ကိုးရီးယားနိုင်ငံသမ္မတသည် ၁၉၈၇ ခုနှစ်ကတည်းက ရေးဆွဲပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် “ အခု အချိန်ကျရောက်နေပါပြီ” ဟုပြောဆိုခဲ့ပြီး လာမည့် နှစ် နှောင်းပိုင်းတွင်ကျင်းပရန် ရှိသော တောင်ကိုးရီးယားနိုင်ငံ၏ ရွေးကောက်ပွဲ အမှီ ၂ဝ၁၇ ခုနှစ်ဖွဲ ့စည်းပုံအခြေခံဥပဒေသစ်ကို ပြင်ဆင်ရေးဆွဲနိုင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.