Connect with us

Asia

နိုင်ငံတကာ ကြက်တောင်ရိုက် တံခွန်စိုက် ပြိုင်ပွဲ လာအိုက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်

ကြက်တောင်ရိုက်ပြိုင်ပွဲ တစ်ခုတွင် အားကစားသမား တစ်ဦးက ယှဉ်ပြိုင်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

ဗီယင်ကျန်း၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

လာအိုနိုင်ငံ ကြက်တောင်ရိုက် အဖွဲ့ချုပ်နှင့် ထိုင်းနိုင်ငံ ကြက်တောင်ရိုက်အသင်းတို့အကြား နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးနောက် နိုင်ငံတကာ ပွဲစဉ်များအား အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ လာအိုနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း ဒေသခံ မီဒီယာက အောက်တိုဘာလ၂၃ ရက်၌ ဖော်ပြထားသည်။

နားလည်မှု စာချွန်လွှာအရ ယဉ်ကျေးမှု ပြပွဲများနှင့် နိုင်ငံအတွင်း လေ့လာရေး ခရီးများအား လာအိုနိုင်ငံက စီစဉ်ပေးနေစဉ် အဆိုပါ ပွဲစဉ် ဖြစ်မြောက်ရေးအတွက် အဖွဲ့အစည်း နှစ်ခုက ပူးတွဲ လုပ်ဆောင်သွားမည် ဖြစ်သည်။

ထို ပွဲစဉ်များသို့ ကမ္ဘာ တစ်ဝန်းမှ ကြက်တောင် အားကစားသမားများ လာရောက် ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ယခု ပွဲစဉ်များသည် လာအို ကြက်တောင်ရိုက် အားကစားသမားများအတွက် ၎င်းတို့၏ အရည်အချင်းများအား မြှင့်တင်ရန် အခွင့်အရေးတစ်ရပ်ဖြစ်ကြောင်း၊ လာအို ကြက်တောင်ရိုက် အားကစားသမားများသည် ထိုင်း အားကစားသမားများနှင့်အတူ ထိုင်းနိုင်ငံ၌ စခန်းသွင်း လေ့ကျင့်မည် ဖြစ်ကြောင်း ဗီယင်ကျန်း တိုင်းမ် သတင်းစာက ဖော်ပြထားသည်။

လာအို နိုင်ငံတကာ တံခွန်စိုက် ပြိုင်ပွဲအတွက် လာအို ကြက်တောင်ရိုက် အဖွဲ့ချုပ်က အမေရိကန် ဒေါ်လာ ၅၀,၀၀၀ သုံးစွဲမည် ဖြစ်ပြီး ပြိုင်ပွဲတစ်ခုစီတိုင်းတွင် အနိုင်ရသူများအတွက် ငွေသားဆုကြေးငွေ အမေရိကန်ဒေါ်လာ ၈,၀၀၀ အား ထိုင်းနိုင်ငံက ထောက်ပံ့မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.