Connect with us

Asia

ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ရေကြီးမှုကြောင့် တိရစ္ဆာန်ရုံတစ်ရုံမှ မိကျောင်း ၁၀ကောင် လွတ်သွားခဲ့

ထိုင်းနိုင်ငံတွင် မွေးမြူထားသည့် မိကျောင်းများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ တောင်ပိုင်း Nakhon Si Thammarat ပြည်နယ်တွင် မကြာသေးမီက ရေကြီးမှုဖြစ်ပွားခဲ့ရာ ယင်းပြည်နယ်အတွင်းရှိ တိရစ္ဆာန်တစ်ရုံမှ မိကျောင်း ၁၀ကောင်ထက်မနည်း လွတ်သွားခဲ့ကြောင်း ပြည်တွင်း မီဒီယာတစ်ခုက ဇန်နဝါရီ ၇ရက်တွင် ဖော်ပြခဲ့သည်။

Nakhon Si Thammarat ပြည်နယ် မြို့တော် ၏ ဒုတိယမြို့တော်ဝန် Manas Pongyeelar က ၁၅မီတာအထိ ရှည်လျားသော မိကျောင်းများပါဝင်သည့် မိကျောင်း ၁၀ကောင်ထက်မနည်းထိန်းသိမ်းထားသော Tha Lad တိရစ္ဆာန်ရုံမှ တွားသွားသတ္တဝါများ၊ သမင်များ နှင့် ရှားပါးငှက်မျိုးစိတ်အားလုံး လွတ်မြောက်သွားကြောင်း ပြောကြားခဲ့သည်။

အာဏာပိုင်များက မိကျောင်းများသည် ရေကြီးရေလျှံသည့်လမ်းကြောင်းအတိုင်း ကူးခတ်သွားကြခြင်း ဖြစ်ကြောင်းပြောကြားခဲ့ပြီး အထူးကာကွယ်မှုများပြုလုပ်ထားရန် ဒေသခံများအား သတိပေးထားကြောင်း သိရသည်။

စည်ပင်သာယာဝန်ထမ်းများက လွတ်မြောက်သွားသည့် တိရစ္ဆာန်များ လူထူထပ်သည့် ဧရိယာများသို့ မရောက်ရှိစေနိုင်ရန် ၎င်းတို့အား လိုက်လံရှာဖွေနေသော်လည်း ရေကြီးနေ၍ ရှာဖွေရေးလုပ်ငန်းများ နှောင့်နှေးကြန့်ကြာနေကြောင်း သတင်း၌ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတောင်ပိုင်း ရှိ ပြည်နယ် ၁၀ခုတွင် လူ ၇၀၀,၀၀၀ ထက်မနည်း မိုးသည်းထန်စွာရွာသွန်းမှု နှင့် ရေကြီးမှုဒဏ်ကိုခံစားနေရပြီး လေယာဉ်ပျံသန်းမှုများအပါအဝင် အခြား ဆက်သွယ်ရေးလမ်းကြောင်းများ ရပ်ဆိုင်းထားရကြောင်း သိရသည်။

ယခုအချိန်အထိ ရေကြီးမှုများကြောင့် လူ၁၂ဦးသေဆုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဋ္ဌာန က ဇန်နဝါရီ ၇ရက်တွင် ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.