Connect with us

Asia

ဖိလစ်ပိုင်အလယ်ပိုင်းတွင် မြေပြိုမှုကြောင့် သေဆုံးသူ ၂၂ဦးအထိ မြင့်တက်၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ဖိလစ်ပိုင်နိုင်ငံ တွင်ဖြစ်ပွားခဲ့သည့် မြေပြိုမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မနီလာ၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း Naga မြို့တွင် မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေသည် ၂၂ဦးအထိ မြင့်တက်လာကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက စက်တင်ဘာ ၂၁ ရက်တွင်ပြောကြားခဲ့သည်။

Naga မြို့အစိုးရ ပြောရေးဆိုခွင့်ရှိသူ Garry Cabotaje က တောင်စောင်းတစ်လျှောက် နေထိုင်သည့် လူ့အသိုင်းအဝိုင်းတွင် မြေပြိုမှုဖြစ်ပွားပြီးနောက် တစ်ရက်တာအတွင်း အသက်ရှင်ကျန်ရစ်သူများကို ပိုမို ရှာတွေ့နိုင်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားခဲ့သည်။Cabotaje က ယနေ့တွင် ရွာသားများစွာကို ကယ်ဆယ်နိုင်လိမ့်မည်ဟု မျှော်လင့်နေဆဲဖြစ်ကြောင်း ဆင်ဟွာသို့ တယ်လီဖုန်းဖြင့်ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၀ ရက် ည ၁၂နာရီ သန်းခေါင်ယံအချိန်တွင် Cabotaje က အသက်ရှင်ကျန်ရစ်သူ ၉ဦးကို ကယ်ဆယ်ခဲ့ပြီးနောက် ရုပ်အလောင်း ၂၂လောင်းကို ပြန်လည်ရှာတွေ့ခဲ့ကြောင်း ပြောကြားခဲ့သည်။စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး နေအိမ် ၅၀ကျော် မြေအောက်ရောက်ရှိခဲ့ကြောင်း သိရသည်။အာဏာပိုင်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေသားများ ပျော့ကာ တောင်ကုန်း၏ အစိတ်အပိုင်းများ ပြိုကျရာမှ မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။ပြည်တွင်းမီဒီယာတစ်ခု၏ ဖော်ပြချက်အရ မြေပြိုမှုဒဏ်ခံစားခဲ့ရသူများသည် အစိုးရက သတိပေးချက်ထုတ်ပြန်ခဲ့သော်လည်း မြေပြိုမှုဖြစ်ပွားသည့် နေရာမှ ထွက်ခွာရန် ငြင်းဆန်ခဲ့ကြကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117