Connect with us

Asia

ဗီယက်နမ်မြောက်ပိုင်း၌ အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ဒေါ်လာ ၁၂ ဘီလီယံ လိုအပ်

Van Don အထူးစီးပွားရေးဇုန်ရှိ Van Don နိုင်ငံတကာလေဆိပ် သရုပ်ပြပုံအား မြင်တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Quang Ninh ပြည်နယ်၌ ၂ဝ၃ဝ ပြည့်နှစ်တွင် Van Don အထူးစီးပွားရေးဇုန်ကို အပြီးသတ်တည်ဆောက်နိုင်ရန် အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံ လိုအပ်ကြောင်း ပြည်တွင်းသတင်းဌာနများက ဒီဇင်ဘာ ၉ ရက်တွင် ရေးသားဖော်ပြလိုက်သည်။

Quang Ninh ပြည်နယ်၏ အထူးစီးပွားရေးဇုန်အတွက် လိုအပ်သော အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ဗီယက်နမ်ငွေ ဒေါင် ၄ဝ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ နီးပါး) ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်လိုအပ်နေကြောင်း Quang Ninh အထူးစီးပွားရေးဇုန်စီမံခန့်ခွဲရေးဘုတ်အဖွဲ့ အကြီးအကဲ Nguyen Manh Tuan ၏ ပြောကြားချက်ကို ကိုးကား၍ Tuoi Tre နေ့စဉ် သတင်းစာက ဖော်ပြခဲ့သည်။
Van Don ခရိုင်ရှိ Van Don နိုင်ငံတကာလေဆိပ်သည် ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဟလောင်ဘေ(Ha Long Bay) တည်ရှိရာ ဟလောင်မြို့မှ ကီလိုမီတာ ၅ဝ ခန့်အကွာတွင် တည်ရှိကြောင်း ၊ လေဆိပ်တည်ဆောက်မှုအတွက် ဗီယက်နမ်ငွေ ဒေါင် ၇ ထရီလီယံ ( အမေရိကန်ဒေါ်လာ ၃၁၄ သန်းနီးပါး) ရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကြောင်း နှင့် ၂ဝ၁၈ ခုနှစ်တွင် လေဆိပ်ကို စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Van Don အထူးစီးပွားရေးဇုန်တွင် ကာစီနိုလောင်းကစားရုံများ နှင့် အဝင်အထွက်လမ်းကြောင်းများကိုလည်း ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
Quang Ninh ပြည်နယ်အစိုးရသည် ဟလောင်မြို့(Ha Long) နှင့် Van Don ခရိုင် ၊ ဟလောင်မြို့နှင့် ပြည်နယ်အတွင်းရှိ Mong Cai မြို့ကို ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းတစ်ခု ဖောက်လုပ်သွားရန် စီစဉ်ထားပြီး အနီးအနားရှိ Hai Phong မြို့ကိုလည်း ဆက်သွယ်နိုင်ရန်လမ်းဖောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဗီယက်နမ်နိုင်ငံ အစိုးရသည် Quang Ninh ပြည်နယ်၌ Van Don အထူးစီးပွားရေးဇုန် ၊ နိုင်ငံအလယ်ပိုင်း Khanh Hoa ပြည်နယ်၌ Van Phong အထူးစီးပွားရေးဇုန် နှင့် နိုင်ငံတောင်ပိုင်း Kien Giang ပြည်နယ်၌ Phu Quoc အထူးစီးပွားရေးဇုန်ဟူ၍ ဇုန်သုံးခုကို တည်ဆောက်သွားရန် သဘောတူညီထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.