Connect with us

Asia

အိန္ဒိယနိုင်ငံ မြို့တော်အနီး ယာဉ်မတော်တဆမှုဖြစ်ပွား၊ ကျောင်းသား ၄ ဦး သေဆုံး၊ ၆ ဦး ဒဏ်ရာရ

အိန္ဒိယနိုင်ငံတွင် ပြောင်းပြန်လန်တိမ်းမှောက်သွားခဲ့သော ကား တစ်စီးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြို့တော်အနီးက အဝေးပြေးလမ်းမကြီးပေါ်တွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာ အနည်းဆုံး ကျောင်းသား ၄ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာလ ၉ ရက်၌ ပြောကြားခဲ့သည်။

“အောက်တိုဘာလ ၈ ရက် နေ့လယ်ပိုင်းမှာ ပုဂ္ဂလိက တက္ကသိုလ် တစ်ခုက ကျောင်းသား ၁၀ ဦးကို တင်ဆောင်လာတဲ့ Sports Utility Vehicle (SUV) တစ်စီးဟာ အိန္ဒိယနိုင်ငံမြို့တော်မှ ၂၅ ကီလိုမီတာ ဝေးတဲ့ Yamuna အဝေးပြေးလမ်းပေါ်မှာ ပြောင်းပြန်လန်တိမ်းမှောက်သွားခဲ့တယ်” ဟု အဆင့်မြင့် ရဲအရာရှိ တစ်ဦးက ပြောကြားခဲ့သည်။

ကျောင်းသား ၂၀ ဦးအနက် ၄ ဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဒဏ်ရာရသူများအား နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ယင်းအနက် လေးဦးမှာ စိုးရိမ်ရကြောင်း ၎င်းက ဆိုသည်။

မျက်မြင်သက်သေများက ရဲများအား ပြောဆိုချက်အရ SUV ကားကို မောင်းလာသည့် ကျောင်းသားမှာ ထရပ်ကားအား ကျော်တက်စဉ် တာယာ ပေါက်ထွက်ကာ အရှိန်လွန်ပြီး မှောက်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသည့် ရုပ်အလောင်းများအား ရင်ခွဲ စစ်ဆေးရန် ပို့ဆောင်ခဲ့ကြောင်း၊ ကားမှောက်ရသည့် အကြောင်းရင်းအား စုံစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့ကြောင်း၊ ထရပ်ကာ မောင်းသူအား ဖမ်းမိရန် ကြိုးစားလျက်ရှိကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံတွင် လမ်းမတော်တဆမှု ဖြစ်ပွားလေ့ရှိပြီး လမ်းများနှင့် မော်တော်ယာဉ်များ ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း၊ ယာဉ်မောင်း မကျွမ်းကျင်ခြင်း စသည်တို့ကြောင့် ယာဉ် တိမ်းမှောက်မှု အများဆုံး ဖြစ်ပွားရခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.