Connect with us

Asia

ထိုင်းနိုင်ငံက အလတ်စားရေငုပ်သင်္ဘော တည်ဆောက်ရန် ဗြိတိန်ကာကွယ်ရေးအကြံပေးအဖွဲ့အား ငှားရမ်း

ထိုင်းနိုင်ငံ အလတ်စားရေငုပ်သင်္ဘော တည်ဆောက်ရေးစီမံကိန်းမန်နေဂျာ ဗိုလ်မှူးကြီး Sattaya Chandraprabha အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဘန်ကောက်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံသည် အလတ်စားရေငုပ်သင်္ဘောပုံစံရေးဆွဲမှု စီမံကိန်း အား အကူအညီပေးရန် ဗြိတိန်ကာကွယ်ရေးအကြံပေးအဖွဲ့ တစ်ဖွဲ့အား ငှားရမ်းခဲ့ကြောင်း သိရသည်။

ထိုင်းရေတပ်သည် ၎င်း၏ အလတ်စားရေငုပ်သင်္ဘော ပုံစံအတွက် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ နှင့် သင်္ဘောတည်ဆောက်မှုနည်းပညာများကို ထောက်ပံ့ပေးရန် ဗြိတိန်အခြေစိုက် ကာကွယ်ရေးဆိုင်ရာ အကြံပေးအဖွဲ့ဖြစ်သည့် BMT အား ငှားရမ်းရန် မကြာသေးမီက ဆုံးဖြတ်ခဲ့ကြောင်း စီမံကိန်းမန်နေဂျာ ဗိုလ်မှူးကြီး Sattaya Chandraprabha က အောက်တိုဘာ ၁၈ရက်တွင်ပြောကြားခဲ့သည်။

ယင်းဗြိတိန်အဖွဲ့သည် ၂၀၁၉ခုနှစ် သုံးလပိုင်းအကုန်အထိ ထိုင်းနိုင်ငံရေတပ်အတွက် အကြံပေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးရန်သဘောတူညီခဲ့ကြောင်း Sattaya ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် ပထမဆုံးတည်ဆောက်မည့် အလတ်စားရေငုပ်သင်္ဘော အတွက် စီစဉ်ထားသော ပုံစံရေးဆွဲမှုသည် ယခုအချိန်မှစ၍ လေးနှစ်ကြာမြင့်မည်ဖြစ်ပြီး ယင်းနောက်တွင် ရေငုပ်သင်္ဘော၏ ရှေ့ပြေးပုံစံအား တည်ဆောက်မှုသည် ၂နှစ်ခန့်ကြာမြင့်မည်ဟု ခန့်မှန်းရကြောင်း စီမံကိန်းမန်နေဂျာကပြောကြားခဲ့သည်။

ယင်းရေငုပ်သင်္ဘောသည် တန် ၁၅၀ မှ တန် ၃၀၀ အလေးချိန် အထိ ရှိရန် ကနဦးပုံစံရေးဆွဲထားပြီး ခေတ်မီရေအောက် တည်နေရာပြစနစ် နှင့် ထိုင်းပင်လယ်ကွေ့ ရေတိမ်ပိုင်းတွင် အစီအစဉ်အတိုင်း မောင်းနှင်နိုင်စွမ်းတို့ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.