Connect with us

Asia

မြောက်ကိုးရီးယားနိုင်ငံ၌ ပြင်းအား ၅.ဝ အဆင့်ရှိငလျင်လှုပ်ခတ်ခြင်းမှာ နျူးကလီးယားဗုံးစမ်းသပ်မှုကြောင့်ဟု သံသယရှိ

မြောက်ကိုးရီးယားနိုင်ငံက နျူကလီးယားဗုံးစမ်းသပ်ခဲ့သည်ဟု သံသယရှိသည့် နယ်မြေပြပုံအားတွေ့စဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ် ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ)

မြောက်ကိုးရီးယားနိုင်ငံ၌ ပြင်းအား ၅.ဝ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းမှာ ၎င်းတို့၏ ၅ ကြိမ်မြောက် နျူကလီးယားဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲမှုဖြစ်နိုင်ကြောင်း ယုန်ဟက်(Yonhap) သတင်းဌာနက စက်တင်ဘာလ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အဆိုပါ ငလျင်လှုပ်ခတ်ခဲ့သော နေရာသည် ယခုနှစ် အစောပိုင်းက မြောက်ကိုးရီးယားနိုင်ငံက ပြုလုပ်ခဲ့သောလေးကြိမ်မြောက် နျူကလီးယားဗုံး စမ်းသပ် ဖောက်ခွဲသည့် ဧရိယာအတွင်း ဖြစ်ကြောင်း သိရသည်။
သဘာဝအတိုင်းမဟုတ်သည့် ပြင်းအား ၅.ဝ အဆင့်ရှိ ငလျင် တစ်ခုသည် စက်တင်ဘာလ ၉ ရက် ၊ ဒေသစံတော်ချိန် နံနက် ၉ နာရီခွဲ ကျော်တွင် လှုပ်ခတ်ခဲ့ကြောင်း ၊ ၎င်းမှာ မြောက်ကိုးရီးယားနိုင်ငံရှိ Punggye-ri နျူးကလီးယားစမ်းသပ်မှုဇုံအတွင်းမှ ဖြစ်ကြောင်း တောင်ကိုးရီးယားနိုင်ငံ၏ ပူးတွဲစစ်ဦးစီးချုပ်(JCS) က ဆိုသည်။ ထို့ပြင် တောင်ကိုးရီးယားပူးတွဲ စစ်ဦးစီးချုပ်သည် အသေးစိတ်အချက်အလက်များ သိရှိရန် ဆက်လက်လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။
မြောက်ကိုးရီးယားနိုင်ငံ၏ နျူကလီးယားဗုံး စမ်းသပ်မှုအားလုံးသည် ၂ဝဝ၆ ခုနှစ်ကတည်းက Punggye-ri ဇုံအတွင်းမှ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ၊ နောက်ဆုံးစမ်းသပ်မှုမှာ ၂ဝ၁၆ ခုနှစ် ဇန်နဝါရီလတွင် ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.