Connect with us

Asia

မြောက်ကီုးယားက ပြန်လွှတ်ပေးပြီးနောက် သေဆုံးသွားသည့် အမေရိကန်ကျောင်းသား ၏ မိသားစုထံ တောင်ကိုးရီးယား သမ္မတ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ဗားဂျီးနီးယား တက္ကသိုလ်ကျောင်းသား Otto Warmbier အား မြောက်ကိုရီးယားနိုင်ငံ ၌ ရုံးထုတ်လာစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင် က မြောက်ကိုရီးယားနိုင်ငံ က ပြန်လည်လွတ်မြောက်လာပြီး ရက်အနည်းငယ်တွင် သေဆုံးသွားသည့် အမေရိကန်ကျောင်းသား ၏ မိသားစုဝင်များထံ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ဇွန်လ ၂၀ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။

မွန်၏ ပြောရေးဆိုခွင့်ရှိသူ Park Soo-hyun က အသက် ၂၂ နှစ်အရွယ် Otto Warmbier သည် မြောက်ကိုရီးယားနိုင်ငံသို့သွားရောက်စဉ် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြန်လွတ်လာပြီးနောက်မကြာမီတွင် သေဆုံးသွားသည့်အတွက် ၎င်း၏ မိသားစုဝင်များ ထံ သို့ သမ္မတ က ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခု ၌ပြောကြားခဲ့သည်။

သဝဏ်လွှာ၌ မွန်က အမေရိကန်တက္ကသိုလ်ကျောင်းသား သေဆုံးသွားသည့်အတွက် အလွန်ကြေကွဲဝမ်းနည်း ရပါကြောင်း ဖော်ပြခဲ့ပြီး နှစ်သိမ့်စကားပြောကြားခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

ဗားဂျီးနီးယား တက္ကသိုလ်ကျောင်းသား Warmbier ကို ဝါဒဖြန့်ဆောင်ပုဒ်တစ်ခုအား ဖော်ပြထားသည့် ပစ္စည်းတစ်ခုကို ခိုးယူရန် ကြိုးစားမှုဖြင့် မြောက်ကိုရီးယားနိုင်ငံ က ၂၀၁၆ခုနှစ် ဇန်နဝါရီလတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၀၁၆ခုနှစ် မတ်လ တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၅နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နှင့် သံတမန်နည်းအရ ညှိနှိုင်းမှု များစွာ ပြုလုပ်ပြီးနောက် မြောက်ကိုရီးယားက သတိမေ့ရောဂါဖြစ်နေသည့် အမေရိကန်ကျောင်းသားအား ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ က မြောက်ကိုရီးယားတွင် ဖမ်းဆီးထိန်းသိမ်းထားသော အခြားတောင်ကိုရီးယားနိုင်ငံ သားများ နှင့် အမေရိကန်နိုင်ငံသားများကို ပြန်လည် လွှတ်ပေးရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။

မွန်၏ မှတ်ချက်စကားများသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် နှင့် ဇွန်လ ၂၉ ရက်မှ စ၍ ၂ ရက်ကြာတွေ့ဆုံမည့် ခရီးအစီအစဉ် မတိုင်မီ ထွက်ပေါ်လာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.