Connect with us

Asia

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း၏ ဒေသဆိုင်ရာ အခန်းကဏ္ဍ မြှင့်တင်ရေး ရှီကျင့်ဖိန်နှင့် ပူတင် တွေ့ဆုံ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင် (ဝဲ) တို့ ဇွန်လ ၂၃ ရက်က ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ခန့်မြို့၌ တွေ့ဆုံနေစဉ် (ဆင်ဟွာ)

တက်ရှ်ခန့်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်တို့သည် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ခြင်းနှင့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့အစည်း (SCO) ၏ အခန်း ကဏ္ဍကို ဒေသတွင်း ဖွံ့ဖြိုးရေးနှင့် လုံခြုံရေးတွင် မြှင့်တင်ရေး အတွက် ဇွန်လ ၂၃ ရက်က ဥဇဘက်ကစ္စတန်နိုင်ငံ တက်ရှ်ခန့်မြို့၌ တွေ့ဆုံခဲ့ ကြသည်။

ယခုနှစ်သည် တရုတ်- ရုရှား အိမ်နီးချင်းကောင်းဆိုင်ရာ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှု လက်မှတ်ရေးထိုးခြင်း ၁၅ နှစ်ပြည့်ခြင်းနှင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ညှိနှိုင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး နှစ် ၂၀ ပြည့်ခြင်း အထိမ်းအမှတ်နှစ်လည်း ဖြစ်သောကြောင့် သမ္မတ ပူတင်၏ တရုတ်နိုင်ငံ ခရီးစဉ်သည် အဓိပ္ပါယ် လေးနက်ကြောင်း သမ္မတ ရှီက ပြောသည်။
SCO ၏ တည်ငြိမ်ကောင်းမွန်သည့် ဖွံ့ဖြိုးမှုတွင် ကောင်းမွန်သည့် အခန်းကဏ္ဍမှ နေ၍ ရုရှားနှင့်အတူ ပူးတွဲအားထုတ် လုပ်ကိုင်ရန် တရုတ်က အဆင်သင့် ရှိကြောင်း ရှီက ပြောသည်။
ထို့ပြင် SCO အဖွဲ့ဝင်နိုင်ငံများကိုလည်း အဖွဲ့အစည်းအတွင်း တက်ကြွစွာဖြင့် လက်တွေ့ကျကျ ပူးပေါင်း ဆောင်ရွက်ရေးနှင့် ဒေသဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်နှီးမြှုပ်နှံမှု လွယ်ကူစေရေး အတွက် တိုက်တွန်းခဲ့ကြောင်း သိရသည်။
လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ခိုင်မာရေးနှင့် ပတ်သက်၍ အကြမ်းဖက်မှု ဆန့်ကျင်ရေး ညီလာခံ တစ်ရပ် ကျင်းပနိုင်ရေးနှင့် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး လုပ်ထုံး လုပ်နည်းများ တိုးတက်ရေး လုပ်ဆောင်ရန် ရှီက ပြောကြားခဲ့သည်။
ရုရှား နိုင်ငံ သမ္မတ ဗလာဒီမာ ပူတင်ကလည်း ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုအား ကာကွယ်ခြင်းနှင့် ဒေသ ဆိုင်ရာ စီးပွားရေး ပေါင်းစည်းမှု မြှင့်တင်ရေးများ၌ ကြီးစွာသော လွှမ်းမိုးမှု SCO တွင် ရှိနေကြောင်း ပြောကြား ခဲ့သည်။
SCO အား ၂၀၀၁ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး လက်ရှိတွင် တရုတ်၊ ကာဇက်ကစ္စတန်၊ ကာဂျစ်စတန်၊ ရုရှား၊ တာဂျစ် ကစ္စတန်နှင့် ဥဇဘက်ကစ္စတန် စသည့် နိုင်ငံ ၆ နိုင်ငံတို့က အဖွဲ့ဝင်အဖြစ် ပါဝင်ကာ အာဖဂန်နစ္စတန်၊ ဘယ်လာရု(စ်)၊ အိန္ဒိယ၊ အီရန်၊ မွန်ဂိုလီယားနှင့် ပါကစ္စတန်နိုင်ငံ စသည့် ၆ နိုင်ငံတို့က လေ့လာသူများအဖြစ် ပါဝင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.