Connect with us

Asia

ဖိလစ်ပိုင် နိုင်ငံ မြောက်ပိုင်း ဒေသ တွင် အင်အားပြင်း ငလျင် နှစ်ကြိမ် လှုပ်ခတ် လူ ၅ ဦး သေဆုံး

ဖိလစ်ပိုင် နိုင်ငံ တွင် ငလျင် တစ်ခု လှုပ်ခတ် ပြီးနောက် ပျက်ဆီးမှုများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ ဇူလိုင် ၂၇ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင် နိုင်ငံ မြောက်ဘက်ဆုံး ရှိ Batanes ပြည်နယ် တွင် ဇူလိုင်လ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် ပြင်းအား ၅ အထက် ရှိ အင်အားပြင်း ငလျင် နှစ်ကြိမ် လှုပ်ခတ် ခဲ့သောကြောင့် လူ ၅ ဦး သေဆုံး ခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဖိလစ်ပိုင် နိုင်ငံ မီးတောင် နှင့် ငလျင် သုတေသန ဌာန ၏ ထုတ်ပြန် ကြေညာချက် အရ ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၈ မိနစ် အချိန်တွင် Batanes ပြည်နယ် ၌ ပြင်းအား ၆.၄ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး ငလျင် က Itbayat မြို့ အနောက်မြောက်ဘက် ၁၉ ကီလိုမီတာ အကွာအဝေး တွင် မြေအောက် အနက် ၄၃ ကီလိုမီတာ သို့ ဗဟိုပြု လှုပ်ခတ် ခဲ့ခြင်းဖြစ်ကြောင်း ၊ ယင်း ငလျင် မတိုင်မီ ဒေသစံတော်ချိန် နံနက် ၄ နာရီ ၁၆ မိနစ် အချိန်တွင် Itbayat မြို့အရှေ့မြောက်ဘက် ၁၂ ကီလိုမီတာ အကွာအဝေး တွင် ပြင်းအား ၅.၄ အဆင့်ရှိ ငလျင် တစ်ခု မြေအောက် အနက် ၁၂ ကီလိုမီတာ သို့ ဗဟိုပြု လှုပ်ခတ် ခဲ့ကြောင်း သိရှိရသည်။

သတင်းထုတ်ပြန်ချက် အရ လက်ရှိချိန်ထိ Batanes ပြည်နယ် ၌ လှုပ်ခတ် ခဲ့သည့် ငလျင် ကြောင့် လူ ၅ ဦး သေဆုံး ခဲ့ပြီး ၁၂ ဦး ဒဏ်ရာရရှိကာ အဆောက်အဦများစွာ ပျက်ဆီး ခဲ့ကြောင်း သိရှိရသည်။ဖိလစ်ပိုင် နိုင်ငံ မီးတောင် နှင့် ငလျင် သုတေသန ဌာန က ယခု လှုပ်ခတ် ခဲ့သည့် ငလျင် နှစ်ခု က tectonic ငလျင် အမျိုးအစား ဖြစ်သောကြောင့် နောက်ဆက်တွဲ ငလျင်များ ဆက်လက် လှုပ်ခတ် နိုင်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)