Connect with us

Asia

သီရိလင်္ကာ ရေပြင် မြောက်ပိုင်းတွင် အိန္ဒိယ ငါးဖမ်းသမား ၅ ဦး ဖမ်းမိ

သီရိလင်္ကာ ရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက် ငါးဖမ်းနေသူသည့် အိန္ဒိယ ငါးဖမ်းသမားများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကိုလံဘို၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ရေပိုင်နက်အတွင်း တရားမဝင် ငါးဖမ်းသော အိန္ဒိယ ငါးဖမ်းသမား ၅ ဦးအား ဖေဖော်ဝါရီလ ၂ ရက်က သီရိလင်္ကာ ရေတပ်က ဖမ်းဆီးမိခဲ့ကြောင်း ရေတပ် မီဒီယာဋ္ဌာနက ပြောကြားခဲ့သည်။

မြောက်ပိုင်း ရေတပ်ဋ္ဌာနချုပ်ပိုင် ရေတပ် ကင်းလှည့်ယာဉ်က ကျွန်းမြောက်ဘက် Delft ကမ်းရိုးတန်း ပင်လယ်ပြင်တွင် တရားမဝင် ငါးဖမ်းသူများအား ဖမ်းဆီးခြင်းများ လုပ်ဆောင်နေစဉ် အိန္ဒိယ ငါးဖမ်းသမားများအား ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိသည့် ငါးဖမ်းသမားများနှင့် သိမ်းဆည်းမိသော ပစ္စည်းများအား SLNS Elara ရေတပ် အခြေစိုက် စခန်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ ဥပဒေအရ ဆက်လက် အရေးယူနိုင်ရန် Jaffina ရေလုပ်ငန်း ညွှန်ကြားရေးမှူးသို့ လွှဲအပ်လိုက်ကြောင်း သိရသည်။

သီရိလင်္ကာ ရေပိုင်နက်အတွင်းသို့ ဝင်ရောက် ငါးဖမ်းကြသည့် အိန္ဒိယ ငါးဖမ်းလှေများအား ကင်းလှည့် ဖမ်းဆီးနေခြင်း ဖြစ်ပြီး ယင်းသို့ ငါးဖမ်းခြင်းကြောင့် နိုင်ငံ၏ ရေပေါ်ရေအောက် အရင်းအမြစ်များအား ဖျက်ဆီးရာရောက်လျက်ရှိကြောင်း သီရိလင်္ကာရေတပ်က ပြောကြားခဲ့သည်။

သီရိလင်္ကာ ရေပိုင်နက်အတွင်း အိန္ဒိယက နှစ်ကာလရှည်ကြာစွာ တရားမဝင် ငါးဖမ်းခြင်းအား အဆုံးသတ်ရန် အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမား ရေးရာ ဝန်ကြီး ရာဒါမိုဟန်ဆင်းန် (Radha Mohan Singh) နှင့် သီရိလင်္ကာ ရေလုပ်ငန်း ဝန်ကြီး Mahinda Amaraweera တို့ ပြီးခဲ့သည့်လက တွေ့ဆုံစဉ် သီရိလင်္ကာ ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ ငါးဖမ်းသမားများဆိုင်ရာ ကိစ္စများအား တရားဝင် အဖြေရှာရန်အတွက် လုပ်ထုံးလုပ်နည်းအား အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.