Connect with us

Asia

အိန္ဒိယ၌ မြေမြှုပ်မိုင်း ပေါက်ကွဲရာမှ ရဲတပ်ဖွဲ့ဝင် ၈ ဦးသေ ၊ ၅ ဦးဒဏ်ရာရ

မြေမြှုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်အတွင်း ကျဆုံးသွားသော ရဲတပ်ဖွဲ့ ဝင်များ၏ ဈာပနအခမ်းအနား မြင်ကွင်းအား တွေ့ ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odisha ပြည်နယ်၌ ရဲကားတစ်စီးသည် မြေမြှုပ်မိုင်း ကြိတ်မိရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၈ ဦးသေဆုံးကာ ၊ အခြား ၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

အဆိုပါ မြေမြှုပ်မိုင်း ပေါက်ကွဲခဲ့သော နေရာသည် Naxals သူပုန်များ လှုပ်ရှားရာ နယ်မြေအတွင်းဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးပေါက်ကွဲခဲ့သောနေရာသည် Odisha ပြည်နယ်၏ မြို့တော် Bhubaneswar မြို့မှ အနောက်တောင်ဘက် ၄၃၇ ကီလိုမီတာအကွာရှိ Koraput ခရိုင်အတွင်းက Sunki မြို့အနီး အဓိကလမ်းမပေါ်၌ ဖေဖော်ဝါရီလ ၁ ရက် ညနေပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ Odisha ပြည်နယ်စစ်ရဲတပ်ဖွဲ့(OSAP) က ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကျဆုံးသွားပါတယ်။ အခြား ငါးယောက်ကတော့ တောင်ထူထပ်တဲ့ လမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဖြစ်စဉ်အတွင်းမှာ ဒဏ်ရာရခဲ့ပါတယ်” ဟု Koraput မြို့ရှိ ရဲတပ်ဖွဲ့က ဆိုသည်။

“ ဒဏ်ရာရသူတွေကို Andhra Pradesh ပြည်နယ်အနီးက Visakhapatanam ဆေးရုံကို ပို့ဆောင်ပြီး ဆေးကုသပေးထားပါတယ်” ဟု ဆိုသည်။

Odisha ရဲတပ်ဖွဲ့အကြီးအကဲ K B Singh က တိုက်ခိုက်မှုမှာ Naxal သူပုန်အဖွဲ့တို့၏ လက်ချက်ဖြစ်သည်ဟု သံသယရှိကြောင်း သတင်းမီဒီယာများသို့ပြောကြားခဲ့သည်။

တာဝန်ရှိသူများအဆိုအရ ရဲတပ်ဖွဲ့ဝင်လေးဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးခဲ့ရပြီး အခြား ၃ ဦးမှာ ဆေးရုံသို့ပို့ဆောင်စဉ် လမ်းခရီး၌ သေဆုံးခဲ့ရခြင်းဖြစ်သည်။ ကားမောင်းသမား၏ ရုပ်အလောင်းကို အခင်းဖြစ်ပွားရာနေရာအနီး၌ ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းရဲတပ်ဖွဲ့ဝင်များသည် အခြားခရိုင်တစ်ခုတွင်ပြုလုပ်သည့် လေ့ကျင့်ရေး သင်တန်းတစ်ခုတက်ရောက်ရန် သွားရောက်စဉ် လမ်းခရီး၌ပေါက်ကွဲမှုဖြင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.