Connect with us

Asia

တောင်ကိုးရီးယား နိုင်ငံ အထူးစစ်ဆေးရေး အဖွဲ့မှ အိမ်ပြာတော် အတွင်း ဝင်ရောက် စစ်ဆေးရန် စီစဉ်ဆောင်ရွက်မှု ကို ငြင်းပယ် ခံရ

တောင်ကိုးရီးယား နိုင်ငံ သမ္မတ Park Geun-hye အားမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ)

တောင်ကိုးရီးယား နိုင်ငံ သမ္မတ ၏ မိတ်ဆွေက အုပ်ချုပ်ရေးပိုင်းတွင် ဝင်ရောက်စွက်ဖက်မှု ကို စုံစမ်းစစ်ဆေးရန် အတွက် အထူးစစ်ဆေးရေး အဖွဲ့ က ခွင့်ပြုချက် ရသည် ဖြစ်စေ ၊ မရသည် ဖြစ်စေ ဥပဒေ အရ အိမ်ပြာတော် အတွင်း ဝင်ရောက် စစ်ဆေးမည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂ ရက်နေ့က ပြောကြားခဲ့သော်လည်း အိမ်ပြာတော် က ဝင်ရောက် စစ်ဆေးခြင်း ကို ခွင့်မပြုကြောင်း ထုတ်ပြန် ခဲ့သည်။

အိမ်ပြာတော် ပြောရေးဆိုခွင့်ရှိသူ က အထူးစစ်ဆေးရေး အဖွဲ့၏ လာရောက်စစ်ဆေးမှု ကို လက်ခံခဲ့သည် ဟူသော သတင်းဖော်ပြမှု များကို ငြင်းဆန် ခဲ့ပြီး အိမ်ပြာတော် အနေဖြင့် ယခင် ထုတ်ပြန် ခဲ့သည့် အတိုင်း ပြောင်းလဲမှု ရှိမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ တောင်ကိုးရီးယား နိုင်ငံ သမ္မတ Park Geun-hye သည် အထူးစစ်ဆေးရေး အဖွဲ့ အိမ်ပြာတော် သို့လာရောက် စစ်ဆေးခြင်းကို လုံခြုံရေး အကြောင်းပြချက်ဖြင့် ငြင်းပယ် ထားကြောင်း သိရှိရသည်။

အထူး စစ်ဆေးရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူက သတင်းစာရှင်းလင်းပွဲ တွင် အိမ်ပြာတော် မှ ခွင့်ပြုချက် ရသည်ဖြစ်စေ ၊ မရသည် ဖြစ်စေ အထူး စစ်ဆေးရေး အဖွဲ့ အနေဖြင့် ဥပဒေ အရ အိမ်ပြာတော် အတွင်း ဝင်ရောက် စစ်ဆေးသွားမည် ဖြစ်ပြီး အဓိက အနေဖြင့် အိမ်ပြာတော် ၏ အတွင်းရေးမှူးချုပ် ရုံးခန်း ၊ ဆေးဝါးကုသရေး ရုံးခန်း ၊ ရဲတပ်ဖွဲ့ ရုံးခန်း စသည် တို့ကို စစ်ဆေးသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

တောင်ကိုးရီးယား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ စစ်ဆေးရေး အဖွဲ့၏ စစ်ဆေးမှုသည် စစ်ဘက်ဆိုင်ရာ လျှို့ဝက်ချက် နှင့် ပတ်သက်မှု ရှိသည့်နေရာ နှင့် အခြားသက်ဆိုင်ရာ ဌာန များကို စစ်ဆေးလိုပါက သက်ဆိုင်ရာ တာဝန်ရှိသူ၏ ခွင့်ပြုချက်ကို ရယူရမည်ဟု ဥပဒေ သတ်မှတ်ချက်ရှိကြောင်း ၊ သက်ဆိုင်ရာ တာဝန်ရှိသူ အနေဖြင့်လည်း လုပ်ငန်း ဆောင်ရွက်မှု သည် နိုင်ငံတော် အဓိက အကျိုးစီးပွားကို ထိခိုက်မှု ရှိခြင်း မှ လွဲ၍ စစ်ဆေးခြင်းကို အကြောင်းပြချက်မဲ့ ငြင်းပယ်၍ မရကြောင်း ဖော်ပြခဲ့ကြသည်။

အထူး စစ်ဆေးရေး အဖွဲ့ သည် နောက်အကျဆုံး အနေဖြင့် ဖေဖော်ဝါရီ လဆန်း ပိုင်းတွင် တောင်ကိုးရီးယား သမ္မတ နှင့် မျက်နှာချင်းဆိုင် စစ်ဆေးမှု ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယခင်က ထုတ်ပြန် ခဲ့သည်။ တောင်ကိုးရီးယား သမ္မတ ၏ အတွင်းရေးမှူး တစ်ယောက်မှလည်း သမ္မတ အနေဖြင့် အထူး စစ်ဆေးရေး အဖွဲ့ မှ စစ်ဆေးမည့် အချိန် ၊ နေရာ နှင့် ပတ်သက်၍ ညှိနှိုင်းဆောင်ရွက် နေကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.