Connect with us

Asia

အိန္ဒိယနိုင်ငံသည် လာမည့်လအတွင်း အာကာသမစ်ရှင်တစ်ခုတည်းဖြင့် ဂြိုဟ်တု၁၀၃ခု လွှတ်တင်မည်

အိန္ဒိယနိုင်ငံ ၏ ဂြိုဟ်တုလွှတ်တင်မှုတစ်ခုအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၅ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံက လာမည့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း အာကာသမစ်ရှင်တစ်ခုတည်းဖြင့် ဂြိုဟ်တု ၁၀၃ခု လွှတ်တင်သွားမည်ဖြစ်ကြောင်း နိုင်ငံပိုင် အာကာသအေဂျင်စီက ပြောကြားခဲ့သည်။

ဂြိုဟ်တုအကြီး ၃ခု နှင့် အသေး အခု၁၀၀အား ပိုလာဂြိုဟ်တုလွှတ်တင်ရေးယာဉ် (PSLV) ဖြင့် အိန္ဒိယနိုင်ငံ တောင်ပိုင်း Sriharikota အာကာသလွှတ်တင်မှုစခန်းမှ လွှတ်တင်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံ အာကာသလေ့လာရေးအဖွဲ့အစည်း (ISRO) သိပ္ပံပညာရှင်များက Tirupati မြို့တောင်ဘက် ဘုရားကျောင်းတွင်ပြုလုပ်ခဲ့သည့် အိန္ဒိယ သိပ္ပံကွန်ဂရက်၌ ဇန်နဝါရီ ၄ရက်ကပြောကြားခဲ့သည်။

PSLV C37 သည် Cartosat အမျိုးအစား ဂြိုဟ်တု တစ်လုံး၊ ISRO ဂြိုဟ်တုအသေး ၂လုံး၊ ပြင်သစ်နိုင်ငံ နှင့် ဂျာမနီနိုင်ငံတို့ ပါဝင်သည့် အခြားနိုင်ငံများအပြင် အများစုမှာ အမေရိကန်ကဖြစ်သည့် စီးပွားရေးဂြိုဟ်တု အလုံး၁၀၀အား တင်လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အစောပိုင်းတွင် ဂြိုဟ်တု ၈၃ခုသာ တင်လွှတ်ရန် စီစဉ်ထားသော်လည်း မကြာသေးခင်က ပြည်ပ ဂြိုဟ်တု ၂၀ခု ထပ်မံတိုးလာ၍ ဂြိုဟ်တု အခု၁၀၀ တင်လွှတ်ရန် စီစဉ်ဖြစ်သွားခြင်းဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။

ယခုလွှတ်တင်မှုသည် အိန္ဒိယနိုင်ငံ အာကာသလေ့လာရေးအဖွဲ့အစည်း (ISRO) ၏ အာကာသမစ်ရှင် တစ်ခုတည်းဖြင့် အာကာသအတွင်းသို့ ဂြိုဟ်တုအများဆုံးလွှတ်တင်သည့် ပထမဆုံးမစ်ရှင်တစ်ခုဖြစ်ပြီး ၂၀၁၆ခုနှစ် ဇွန်လတွင် အာကာသမစ်ရှင်တစ်ခုတည်းဖြင့် ဂြိုဟ်တု ၂၅ခု တင်လွှတ်ခဲ့ဖူးကြောင်း သိရသည်။

ယခုအချိန်အထိ အာကာသမစ်ရှင် တစ်ခုတည်းဖြင့် ဂြိုဟ်တုအများဆုံးလွှတ်တင်နိုင်ခဲ့သည့် နိုင်ငံမှာ ရုရှားနိုင်ငံဖြစ်ပြီး ၂၀၁၄ခုနှစ်တွင် ဂြိုဟ်တု ၃၇ခု လွှတ်တင်ခဲ့ခြင်းဖြစ်ကာ ၎င်းနောက်တွင် အမေရိကန်နိုင်ငံက ဂြိုဟ်တု ၂၉ခုလွှတ်တင်မှုဖြင့် ဒုတိယနေရာတွင်ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.