Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ထရပ်ကားနှင့် ကား တိုက်မိ၊ လူ ၅ ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ကားတစ်စီးနှင့် ထရပ်ကားတစ်စီး တိုက်မိရာ အနည်းဆုံး လူ ၅ ဦးသေဆုံးကြောင်း ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၂ ရက်က ပြောကြားလိုက်သည်။

အဆိုပါ ယာဉ်တိုက်မှုသည် ယင်းပြည်နယ်၏ Amethi ခရိုင်တွင် ဖြစ်ပွားခဲ့ပြီး Faizabad-Rebareli အမျိုးသား အဝေးပြေးလမ်းမကြီးပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဇူလိုင်လ ၁၁ ရက် ညနေနှောင်းပိုင်းက ကားကို ထရပ်ကားက နောက်မှဝင်တိုက်မိကာ ကားထဲမှ လူများသေဆုံးခဲ့တာပါ။ ယင်းအနက် လူ ၂ ဦးက နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြားသူ ၃ ဦးက ဆေးရုံရောက်ပြီး သေဆုံးခဲ့ခြင်း ဖြစ်ပါတယ်” ဟု ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။

ယာဉ်တိုက်မှု ဖြစ်ပွားရခြင်းအကြောင်းရင်းအား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားသည်ဟု ၎င်းကဆိုသည်။ “

“ထရပ်ကားမောင်းသူအား ယာဉ်ကို မဆင်မခြင်နဲ့ ပေါ့လျော့မောင်းနှင်မှုအဖြစ် မှတ်တမ်းတင်ထားပြီး ၎င်းကို ဖမ်းမိရေး ရှာဖွေရေးလုပ်ဆောင်နေတယ်” ဟု တာဝန်ရှိသူက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.