Connect with us

Asia

ရုရှားနိုင်ငံ Rostov-on-Don မြို့တွင် မီးလောင်၊ အဆောက်အဦ ၁၀၀ ကျော် ပျက်စီး

ရုရှားနိုင်ငံ Rostov-on-Don မြို့တွင် မီးလောင်ကျွမ်းနေသည့် အဆောက်အအုံအား မီးငြှိမ်းသတ်နေစဉ် (ဓာတ်ပုံ-အင်တာနက်)

မော်စကို၊ သြဂုတ် ၂၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ တောင်ပိုင်း Rostov-on-Don မြို့တွင် သြဂုတ်လ ၂၁ ရက်က မီးလောင်ကျွမ်းမှုကြီး ဖြစ်ပွားခဲ့ရာ အဆောက်အဦ ၁၀၀ ကျော် ပျက်စီးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာ သတင်းဖော်ပြချက်အရ သိရသည်။

“နောက်ဆုံး ရရှိတဲ့ သတင်းတွေအရ လူနေအိမ် ၈၃ လုံး အပါအဝင် အဆောက်အဦ ၁၀၇ ခု ပျက်စီးသွားခဲ့တယ်” ဟု ဒေသဆိုင်ရာ အရေးပေါ်လုပ်ငန်း၏ သြဂုတ်လ ၂၁ ရက်က ပြောကြားချက်အား ကိုးကား၍ TASS သတင်း အေဂျင်စီက ဆိုသည်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့် Rostov ဒေသအား ပြည်ထောင်စု အရေးပေါ်အဆင့် ပြည်နယ်အဖြစ် ကြေညာထားကြောင်း သိရသည်။

လက်ရှိတွင် လူသေဆုံးမှုရှိကြောင်း သတင်းများ မတွေ့ရသေးပေ။ လူဦးရေ ၆၀၀ ခန့် ရွှေ့ပြောင်းခဲ့ရပြီး လူ ၄၀ ဦးအား ကျန်းမာရေး အထောက်အပံံ့ ပေးထားခဲ့ရကြောင်းနှင့် ၇ ဦးအား ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရသည်။

ပြည်သူ ၁၂၀၀ ဦးကျော်နှင့်အတူ မီးငြှိမ်းသတ်ခဲ့ကြောင်း ဒေသဆိုင်ရာ အစိုးရက ပြောကြားခဲ့သည်။ လေပြင်းများ တိုက်ခတ်ခြင်းနှင့် အိမ်ခြေထူထပ်ခြင်းကြောင့် မီးငြှိမ်းသတ်ရာတွင် နှောင့်နှေးခဲ့သော်လည်း မီးလောင်ကျွမ်းမှုကို အောင်မြင်စွာ ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.