Connect with us

Asia

အိန္ဒိယ နိုင်ငံတွင် ရာသီဥတု ပူပြင်းမှုကြောင့် သေဆုံးသူ အယောက် ၁၀၀၀ ကျော်လာ

အိန္ဒိယ နိုင်ငံတွင် ရာသီဥတု ပူပြင်း သောကြောင့် အပူ သက်သာရန် ရေချိုးနေပုံ (ဓာတ်ပုံ-အင်တာနက်)

မွန်ဘိုင်း ၊ မေ ၂၇ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ အချို့ဒေသ များတွင် ရာသီဥတု အလွန် ပူပြင်းသောကြောင့် မေလ ၂၆ ရက်နေ့အထိ သေဆုံးသူ အယောက် ၁၁၀၀ ကျော်လာ ခဲ့ကြောင်း အိန္ဒိယ နိုင်ငံ သတင်းစာများ ဖေါ်ပြချက်အရ သိရှိရသည်။

အိန္ဒိယ နိုင်ငံ တောင်ပိုင်း အန်ဒလာ ပြည်နယ်တွင် ရာသီဥတု ပူပြင်းသောကြောင့် သေဆုံးသူမှာ ၈၅၂ ယောက် ရှိခဲ့ပြီး ဖြစ်ကြောင်း ၊ တယ်လမ်ကန်းနား ပြည်နယ်တွင် ရာသီဥတု ပူပြင်းသောကြောင့် သေဆုံးသူ ဦးရေ မှာ ၂၆၆ ယောက် ရှိ ခဲ့ပြီးဖြစ်ကြောင်း ၊ ထိုပြင် Gujarat , Orissa နှင့် West Bengal စသည့် ပြည်နယ် များတွင် ရာသီဥတု ပူပြင်းသောကြောင့် သေဆုံးသူ ဆယ်ဦးကျော် ရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိ တစ်ပတ် အတွင်း အိန္ဒိယ နိုင်ငံ တွင် ရာသီဥတု အပူချိန် မြင့်တက်လျက် ရှိပြီး မြို့တော် နယူးဒေလီ တွင် အပူူချိန်သည် 45 ံC အထိ မြင့်တက် လာခဲ့သည်။ အိန္ဒိယ အရှေ့ ပိုင်းဒေသ အချို့ တွင် ရာသီဥတု အပူချိန်သည် 48 ံC အထိ ရောက်ရှိ ခဲ့သည်။

အိန္ဒိယ နိုင်ငံတွင် နှစ်စဉ် မိုးရာသီ မရောက်ခင်တွင် ရာသီဥတု အပူချိန် မြင့်တက်သည့် အန္တရာယ်ကို ရင်ဆိုင်နေ ရသည်။ ယခုနှစ် အပူချိန် မြင့်တက်မှုကြောင့် သေဆုံးသူသည် ယခင်နှစ်များထက် ပိုမို များခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117