Connect with us

Asia

တောင်ကိုးရီးယား နိုင်ငံ ဆိုးလ် မြို့တော်တွင် ပန်ဒါပွဲတော် ကျင်းပ

ဆိုးလ် ၊ မေ ၂၃ ရက် (ဆင်ဟွာ)
တောင်ကိုးရီးယား နိုင်ငံ (ROK) ၏ ဆိုးလ် မြို့တွင် မေလ ၂၃ ရက်နေ့က ပန်ဒါ ပွဲတော် ကျင်းပ ခဲ့သည်။ စက္ကူ ဖြင့် ပြုလုပ်ထားသော ပန်ဒါ ဝက်ဝံ ပေါင်း ၁၆၀၀ ကို ဆိုးလ်မြို့ လယ်ရှိ Sejong ခန်းမ ရှေ့တွင် ပြသခဲ့သည်။

၎င်း ပန်ဒါ ဝက်ဝံများကို စွန့်ပစ် စက္ကူ နှင့် ကြက်ဥ ခွံများကို ပြန်လည် အသုံးပြု၍ ပန်ဒါရုပ်များ ပြုလုပ် ခဲ့သည် ။ ပန်ဒါ ဝက်ဝံများကို အရွယ်စားနှင့် ပုံစံ အမျိုးမျိုး ပြုလုပ်ထား ပြီး ပန်ဒါ ဝက်ဝံအား ကာကွယ် စောင့်ရှောက်ရန် နှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရန် ရည်ရွယ် ၍ ပြုလုပ် ခြင်းဖြစ်သည်။
စက္ကူ ပန်ဒါ ဝက်ဝံ ကမ္ဘာပတ် ခရီးစဉ်ကို ၂၀၀၈ ခုနှစ်က စတင် ပြုလုပ် ခဲ့ကြပြီး ကမ္ဘာ့ သဘာဝ ပတ်ဝန်းကျင် ဖောင်ဒေရှင်း (WWF) နှင့် ပြင်သစ် အနုပညာရှင် Paulo Grangeon တို့ပူးပေါင်းကာ ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။
ဤ စက္ကူ ပန်ဒါ များကို ပဲရစ် ၊ ဘာလင် နှင့် ဟောင်ကောင် စသည့် မြို့ များတွင် ပြသ ခဲ့ပြီး ဖြစ်သည်။ ယခု အကြိမ် သည် တောင် ကိုးရီးယား တွင် ပထမ ဆုံး အကြိမ် ပြသ ခြင်း ဖြစ်သည်။ (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.