Connect with us

Asia

နီပေါနိုင်ငံ Chitwan ခရီးသွား လုပ်ငန်းတွင် ဆင်ပွဲတော် ပြုလုပ်

ချစ်ဝန် ဆင်ပွဲတော် မြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ချစ်ဝန်၊ နီပေါ၊ ဒီဇင်ဘာ ၂၇ ရက် (ဆင်ဟွာ)

နီပေါနိုင်ငံတွင် ၁၃ ကြိမ်မြောက် ချစ်ဝန် ဆင်ပွဲတော်အား ဒီဇင်ဘာလ ၂၆ ရက်တွင် စတင်ကျင်းပခဲ့ပြီး ဆင်ကောင်ရေ ၅၀ ကျော်ပါဝင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပွဲတော်အား နှစ်စဉ် ပြုလုပ်နေကျ ဖြစ်ပြီး ပျော်ပွဲရွှင်ပွဲများ၊ အားကစားပွဲများနှင့် စွန့်စားခန်းများအား ချစ်ဝန် အမျိုးသား ဥယျာဉ်၏ အဝင်ဂိတ် ဖြစ်သည့် Sauraha ကျေးရွာတွင် ကျင်းပခြင်း ဖြစ်သည်။

ပွဲတော်တွင် ကမ္ဘာ့ အကြီးဆုံး သတ္တဝါဖြစ်သည့် ဆင်နှင့်အတူ ပိုလို၊ ဘောလုံး၊ လမ်းအမြန်လျှောက်ပြိုင်ပွဲ၊ အလှမယ်ပြိုင်ပွဲ၊ ပျော်ပွဲစားခြင်း စသည်တို့လည်း ပြုလုပ်ပါဝင်မည် ဖြစ်သည်။

ချစ်ဝန်ခရိုင်သည် နီပေါနိုင်ငံတွင် ခတ္တမန္ဒူနှင့် ပေါ့ခရာမြို့များပြီးလျှင် တတိယမြောက် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးသည့် ဒေသ ဖြစ်သည်။ တစ်နှစ်လျှင် ခရီးသွားဧည့်သည် ၂၀၀,၀၀၀ နီးပါး လာရောက်လေ့ရှိပြီး ယင်းပမာဏသည် ၂၀၁၅ ခုနှစ် သဘာဝဘေး ဖြစ်ပြီးနောက် ထက်ဝက်ခန့် ကျဆင်းသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်သည် သမိုင်း၌ ဆင် ပိုလို အားကစား ပထမဆုံးအကြိမ် စတင်ပြုသည့် ပွဲတော်လည်း ဖြစ်ပြီး နိုင်ငံခြားသားနှင့် ပြည်တွင်း ခရီးသွားများအား အကြီးမားဆုံး ဆွဲဆောင်ပေးနိုင်မည်ဟု မျှော်မှန်းထားသည်။ ဆင် ပိုလို အားကစားသည် ကမ္ဘာပေါ်တွင် စွန့်စားဆုံးနှင့် တွေ့ရခဲသည့် လှုပ်ရှားမှု တစ်ခု ဖြစ်သည်။

ထို့ပြင် ပွဲတော်၌ လှေနှင့် လှည်းစီးပြိုင်ပွဲများ ပြုလုပ်ခြင်း နှင့်အတူ ယဉ်ကျေးမှုနှင့် ဖျော်ဖြေရေး အစီအစဉ်များလည်း ပါဝင်သည်။

ယင်းပွဲတော်အား ငါးရက်ကြာ ပြုလုပ်မည် ဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်အထိ ကျင်းပမည် ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.