Connect with us

Asia

ခြုံခိုတိုက်ခိုက်ခံရ၍ ဖိလစ်ပိုင်သမ္မတ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး ဒဏ်ရာရ

၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်က ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာရသွားသော ဖိလစ်ပိုင်သမ္မတ ၏ လုံခြုံရေးတပ်ဖွဲ့ ဝင်အချို့ အား ရဟတ်ယာဉ်ဖြင့် သယ်ဆောင်လာစဉ်(ဓာတ်ပုံ-အင်တာနက်)

ဒါဗိုစီးတီး ၊ ဖိလစ်ပိုင် ၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ ယနေ့( ဇူလိုင်လ ၁၉ ရက်)တွင် လက်ဝဲဝါဒီ သူပုန်များ၏ ခြုံခိုတိုက်ခိုက်မှုကြောင့် သမ္မတ ဒူတာတေး၏ လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ဖိလစ်ပိုင်စစ်တပ်က ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံသမ္မတ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မြောက် Cotabato ပြည်နယ် မင်ဒါနာအို(Mindanao) ကျွန်းပေါ်ရှိ Arakan မြို့၏ အဝေးပြေးလမ်းပေါ်၌ ခရီးသွားလာနေစဉ် ပြည်သူ့စစ်တပ်ဖွဲ့သစ်(NPA)ပြောက်ကြားသူပုန်များ၏ ခြုံခိုတိုက်ခိုက်မှုကို ဒေသစံတော်ချိန် နံနက် ၆ နာရီတွင် ခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာ စစ်ဖက်ပြောခွင့်ရပုဂ္ဂိုလ် Ezra Balagtey က ပြောကြားခဲ့သည်။

သမ္မတဒူတာတေး၏ ခရီးစဉ်မတိုင်မီ မနီလာမြို့၏ အရှေ့တောင်ဘက် ၁၅၀၀ ကီလိုမီတာအကွာရှိ Arakan မြို့တွင် လုံခြုံရေးစစ်ဆေးမှု ဆောင်ရွက်နေစဉ် သမ္မတနန်းတော်စောင့်တပ်ဖွဲ့ဝင်များ ခြုံခိုတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

ဒဏ်ရာရသူများကို Arakan မြို့ရှိ ဆေးရုံသို့ချက်ခြင်း ပို့ဆောင်ပေးခဲ့ကြောင်း ၊ ရဲတပ်ဖွဲ့နှင့် စစ်သားများသည် ခြုံခိုတိုက်ခိုက်မှုပြုလုပ်ပြီးနောက် ထွက်ပြေးသွားကြသော လက်နက်ကိုင်များအား လိုက်လံ ရှင်းလင်းနေကြောင်း Balagtey က ဆက်လက်ပြောကြားခဲ့သည်။

ပဋိပက္ခတိုက်ပွဲများ ဖြစ်ပွားနေသည့် ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ ၂ဝ၁၇ ခုနှစ် နှစ်ကုန်ပိုင်းအထိ စစ်အုပ်ချုပ်ရေးကာလ တိုးမြှင့်ထုတ်ပြန်ခဲ့သည့် သမ္မတဒူတာတေး၏ အမိန့်ကို ဆန့်ကျင်သည့်အနေဖြင့် ဖိလစ်ပိုင်ကွန်မြူနစ်ပါတီက NPA ပြည်သူ့စစ်တပ်ဖွဲ့ကို တိုက်ခိုက်မှုများပြုလုပ်သွားရန် အမိန့်ပေးထားကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.