Connect with us

Asia

အာဖဂန်နစ္စတန် နိုင်ငံတွင် တာလီဘန်မှ ခန်ဒါဟာ လေဆိပ် အနီး လူနေဝင်းအား တိုက်ခိုက်ခဲ့သောကြောင့် လက်ရှိ ချိန်တွင် အနည်းဆုံး လူပေါင်း ၅၄ ဦး သေဆုံး

အာဖဂန်နစ္စတန် နိုင်ငံ ခန်ဒါဟာ လေဆိပ်အနီး လူနေဝင်းကို တာလီဘန် စစ်သွေးကြွများ ဝင်ရောက် တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေး တပ်ဖွဲ့ဝင်များ စောင့်ကြပ် နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ် ၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

အာဖဂန် နစ္စတန် နိုင်ငံ လုံခြုံရေး အရာရှိတစ်ဦး၏ ပြောကြားချက်အရ ဒီဇင်ဘာလ ၉ ရက်နေ့တွင် တာလီဘန် အကြမ်းဖက် တပ်ဖွဲ့မှ ခန်ဒါဟာမြို့ လေဆိပ် အနီး လူနေ အိမ်ခြေဝင်း တစ်ခုအား တိုက်ခိုက်ခဲ့သောကြောင့် အရပ်သား အနည်းဆုံး ၃၇ ဦး သေဆုံးကာ ၊ ၁၈ ဦး ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမား ၉ ဦး နှင့် စစ်ဘက်ဆိုင်ရာ ဝန်ထမ်း ၈ ဦး တို့သေဆုံး ခဲ့ရကြောင်း သိရှိခဲ့ရသည်။

အာဖဂန်နစ္စတန် ပြည်ထဲရေး ဝန်ကြီးဌာနကလည်း ဒီဇင်ဘာလ ၉ ရက်နေ့တွင် တာလီဘန် အကြမ်းဖက် အဖွဲ့က လေဆိပ် အနီး ဝင်ရောက် စီးနှင်း တိုက်ခိုက်ခဲ့ကြောင်း ကို ထုတ်ပြန် ကြေညာခဲ့သည်။

သက်ဆိုင်ရာ လုံခြုံရေး ဝန်ထမ်းများ၏ ပြောဆိုမှုအရ အာဖဂန် နစ္စတန် နိုင်ငံ လုံခြုံရေး တပ်ဖွဲ့နှင့် တာလီဘန် အကြမ်းဖက် တပ်ဖွဲ့တို့မှ အချိန် နာရီ ၂၀ ကြာ ရင်ဆိုင် တိုက်ခိုက်ခဲ့ကြောင်း သိရှိ ခဲ့ရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117