Connect with us

Australia / Oceania

ကျူးဘား စက်မှုလုပ်ငန်း ဆိုင်ရာ ပြပွဲသို့ ပထမဆုံး အကြိမ်အဖြစ် အမေရိကန် တက်ရောက်မည်

ကျူးဘား စက်မှုလုပ်ငန်းဆိုင်ရာ ပြပွဲလိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ဟာဗားနား၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ကျူးဘားနိုင်ငံ စက်မှုလုပ်ငန်းဆိုင်ရာ ပြပွဲသို့ အမေရိကန်နိုင်ငံမှ အဖွဲ့ဝင် ၄၃ ဦး ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့က ပထမဆုံးအကြိမ်အဖြစ် ပါဝင်တက်ရောက်မည် ဖြစ်ကြောင်းနှင့် ယင်းပြပွဲသည် ကျူးဘားနိုင်ငံအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ရရှိစေရန် ရည်ရွယ်ထားကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ကျူးဘားနိုင်ငံတွင် ဇွန်လ ၂၀ ရက်မှ ၂၄ ရက်အထိ ပြုလုပ်မည့် အဆိုပါ ပြပွဲ၌ အမေရိကန် ကုမ္ပဏီ ၁၀ ခုက တက်ရောက်ပြသမည် ဖြစ်ကြောင်း စက်မှုလုပ်ငန်း ဝန်ကြီးဋ္ဌာန နည်းပညာ စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူးနှင့် ပြပွဲ ဖြစ်မြောက်ရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ အက်ဒရီးယာနာ ဘာဆယ်လိုက သတင်းထောက်များအား ပြောကြားခဲ့သည်။
စပိန် စကားပြော အမေရိကန် စီးပွားရေး လုပ်ငန်းရှင်များပါဝင်သည့် အမေရိကန် Hispanic ကုန်သည်ကြီးများ အသင်း ကိုယ်စားလှယ်များလည်း ပါဝင်ပြသမည် ဖြစ်ပြီး ကျူးဘားဈေးကွက်သို့ ချဲ့ထွင်ရန် ရှာဖွေကြမည် ဖြစ်ကြောင်း ဘာဆယ်လိုက ဖြည့်စွက် ပြောကြားခဲ့သည်။
ယခုနှစ်ပြပွဲ၌ ရေရှည် တည်တံ့သော ဖွံ့ဖြိုးမှုကို ရည်ရွယ်၍ အမေရိကန် ကုမ္ပဏီများအား ပြန်လည် အသုံးပြုခြင်းနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်ခြင်း စသည့် နယ်ပယ်များ၌ လာရောက် ရင်းနှီးမြှုပ်နှံရန် ဆွဲဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
အဆိုပါ ပြပွဲသို့ နိုင်ငံပေါင်း ၂၈ နိုင်ငံမှ နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းရှင် ၄၀၀ နှင့် ကျူးဘားနိုင်ငံ စက်မှုကဏ္ဍ မှ ကိုယ်စားလှယ်ပေါင်း ၁,၆၀၀ ပါဝင် ပြသရန် မျှော်လင့်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.