Connect with us

Australia / Oceania

အော့ကလန်မြို့၌ ကလေးကားမြို့တော် စတင်တည်ဆောက်

နယူးဇီလန် နိုင်ငံ၏ ဝန်ကြီးချုပ် ဂျွန်ကီး (ဆင်ဟွာ)

နယူးဇီလန်၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

နယူးဇီလန် နိုင်ငံ၏ ဝန်ကြီးချုပ် ဂျွန်ကီးက နိုင်ငံအတွင်း အကြီးမားဆုံး ကလေးကစားကွင်း ပန်းခြံကြီး ဖြစ်သော အော့ကလန်မြို့ရှိ Rainbow’s End ပန်းခြံတွင် ကလေးများအတွက် ဆွဲဆောင်မှု အသစ်တစ်ရပ်ဖြစ်သော ကလေးကားမြို့တော် တည်ဆောက်ခြင်း အခမ်းအနားကို ဇွန်လ ၁၆ ရက်က တက်ရောက် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးကားမြို့တော်တွင် အော့ကလန်မြို့၏ လမ်းများ မြင်ကွင်း အတိုင်း ပုံစံတူဖြစ်အောင် လမ်းများကို ဖောက်လုပ်ထားသည်။ အရွယ်အားဖြင့် သေးငယ်သော်လည်း အချိုးကိုက်ဖြစ်မည့် အဆိုပါ ကားမြို့တော်၏ လမ်းများပေါ်တွင် အသက် ၅ နှစ်မှ ၁၃ နှစ်ရှိ ကလေးငယ်များအား ကားမောင်း ကစားခွင့် ပြုသွားမည် ဖြစ်ကြောင်းသိရသည်။ ကလေးငယ်များ အနေဖြင့် ဆူဇူကီး ကုမ္ပဏီ ထုတ် Swift ကားများနှင့် ပုံစံတူ ကားငယ်များကို ကိုယ်တိုင်မောင်းကာ အော့ကလန်မြို့၏ လမ်းများပုံစံ လမ်းငယ်များပေါ်၌ မောင်းနှင် သွားလာနိုင်မည် ဖြစ်သည်။ လျှပ်စစ်ဓါတ်အား ဖြင့်မောင်းနှင်မည့် အဆိုပါကားငယ်များတွင် ယာဉ်မောင်း ကလေးငယ်၏ နောက်၌ လူကြီးတစ်ဦးလည်း လိုက်ပါနိုင်မည်ဖြစ်သည်။

နယူးဇီလန် နိုင်ငံ၏ ဝန်ကြီးချုပ် ဂျွန်ကီး (ဆင်ဟွာ)

နယူးဇီလန် နိုင်ငံ၏ ဝန်ကြီးချုပ် ဂျွန်ကီး (ဆင်ဟွာ)
အဆိုပါ ကလေးကားမြို့တော် လုပ်ငန်းကို နယူးဇီလန် မော်တော်ကား ကလပ်နှင့် ဆူဇူကီး ကုမ္ပဏီတို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်သည်။ အကျယ်အဝန်းမှာ စတုရန်း ကီလိုမီတာ ၁,၂၀၀ ရှိပြီး ၂၀၁၆ ခုနှစ်ကုန်တွင် စတင် သုံးစွဲနိုင်မည် ဖြစ်သည်။ ကလေးကားမြို့တော် ပန်းခြံ၌ နှစ်လမ်းသွား ကားလမ်းငယ်များ၊ မီးပွိုင့်များ၊ အချက်ပြ ဆိုင်းဘုတ်များ၊ လမ်းဆုံအဝိုင်းများ၊ ယာဉ်ရပ်နားရန် နေရာများလည်း ထည့်သွင်း၍ ပုံစံတူ တည်ဆောက်ထားပြီး လျှပ်စစ်ကား အစီး ၂၀ ကို ကလေးများ စီးနင်းရန် ထားရှိပေးမည်ဟု သိရသည်။
နယူးဇီလန် မော်တော်ကား အသင်း၏ ဈေးကွက် မန်နေဂျာ ကက်သရင်းမာရေးက “ကလေးကားမြို့တော်၌ အသက် ၅ နှစ်မှ ၁၃ နှစ်ထိ ကလေးငယ်များ အတွက် Suzuki Swift ပုံစံတူ ကားငယ်များဖြင့် လုံခြံပျော်ရွှင်စွာ မြို့တွင်းလမ်းများပေါ်၌ ကားမောင်းရသကဲ့သို့ ကစားနိုင်မည် ဖြစ်ကြောင်း၊ ကလေးငယ်များအဖို့ နောင်အခါမြို့နယ် ကားလမ်းများပေါ်တွင် အမှန်တကယ် ယာဉ်မောင်းနှင်ခြင်းမပြုမီ ဤကလေးကားမြို့တော်က ပညာပေးအစီအစဉ် တစ်ရပ် ဖြစ်ကြောင်း၊ ၎င်းတို့အား ယာဉ်မောင်းကျွမ်းကျင်မှုနှင့် လမ်းများ၏ သဘောသဘာဝ တို့ကို ရရှိသွားစေမည်”ဟု ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.