Connect with us

Australia / Oceania

ဆစ်ဒနီ ဆိပ်ခံ တံတားပေါ် တွယ်တက်သူ တစ်ဦး အဖမ်းခံရ

ဆစ်ဒနီတံတားပေါ် တွယ်တက်ခဲ့သူအား သြစတြေးလျ ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ထိန်းသိမ်းလာစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ ၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့ရှိ ဆိပ်ခံတံတား ပေါ်၌ ဇွန်လ ၁၇ ရက် နံနက် အစောပိုင်းက လူတစ်ဦးသည် အငှားယာဉ်ပေါ်မှ ပြေးဆင်းပြီး တံတားဘောင်ပေါ်သို့ ပြေးတက်သွားခြင်းကြောင့် ဆစ်ဒနီ မြို့လယ်တွင် ယာဉ်ကြော ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ရကြောင်း သိရသည်။

အဆိုပါ လူကြီးသည် တံတားဘောင် အခုံးပေါ်တွင် လက်ပိုက်ထိုင်နေပုံကို ရဟတ်ယာဉ်ပေါ်မှ တဆင့် ရိုက်ကူးထားသော သတင်းဓာတ်ပုံများတွင် မြင်တွေ့ခဲ့ရသည်။ နယူးဆောက်ဝေး ရဲဌာန ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ၎င်းလူကြီးသည် ဒေသစံတော်ချိန် နံနက် ၁ဝ:၅ဝ နာရီတွင် တံတားပေါ်မှ ပြန်ဆင်းလာပြီး အဖမ်းခံလိုက်ရခြင်း ဖြစ်သည်။
“ရဲကယ်ဆယ်ရေး အဖွဲ့တွေ ၊ ရဲ စေ့စပ်ညှိနှိုင်းရေးမှူးတွေ ၊ အဝေးပြေးလမ်း ယာဉ်ထိန်းရဲတွေ နဲ့ဆိုင်ကယ်စီး တပ်ဖွဲ့ဝင်တွေ စတဲ့အဖွဲ့ပေါင်းစုံကို ရဲတပ်ဖွဲ့က စေလွှတ်ခဲ့ပါတယ်” ဟု ၎င်း ကဆိုသည်။
“ အဲဒီလူကို အောက်ဆင်းလာဖို့ အမိန့်ပေးတယ်။ ဆင်းမလာတော့ အပေါ်တက်ပြီး ဖမ်းဖို့ ဆိပ်ခံတံတား ဧရိယာအတွင်းမှာ ရှိတဲ့ ရဲအရာရှိတွေက အမိန့်ပေးလိုက်တယ်” ဟု ဆိုသည်။ အဆိုပါ လူကြီးကို အရေးပေါ်ယာဉ်ဖြင့် နယူးဆောက်ဝေး ဆေးရုံသို့ ခေါ်ဆောင်ပြီး ဆေးစစ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။“ အခင်းဖြစ်ပွားချိန်မှာ ဆစ်ဒနီ ဆိပ်ခံတံတားပေါ်က လမ်းကျဉ်း အတော်များများကို ပိတ်ထားလိုက်ရတယ်။ ဒါပေမယ့် ကိစ္စပြီးပြီးခြင်းမှာပဲ ပြန်ဖွင့်လိုက်ပါပြီ” ဟု ရဲအရာရှိ ကဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.