Connect with us

Australia / Oceania

ဆစ်ဒနီမြို့တွင် ၁၇ နှစ် အရွယ် လူငယ်တစ်ဦးအား ဆိုရှယ် မီဒီယာများတွင် အစွန်းရောက် ဝါဒများ ရေးသားသည့် အတွက် စွဲချက် တင်ခံရ

New South Wales (NSW) ပြည်နယ် ရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)

အသက် ၁၇ နှစ်အရွယ် အမျိုးသားငယ် တစ်ဦးအား အကြမ်းဖက်မှုနှင့် ပတ်သက်နေသော ပြစ်မှုဖြင့် စွဲချက် တင်ထားကြောင်း New South Wales (NSW) ပြည်နယ် ရဲတပ်ဖွဲ့က ဇွန်လ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့သည် အဆိုပါ လူငယ်အား ဆိုရှယ် မီဒီယာများတွင် အစွန်းရောက် ဝါဒများနှင့် ဆက်စပ်နေသည့် စာသားများ ရေးသားမှုဖြင့် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
၎င်းအား ဆစ်ဒနီမြို့ အနောက်တောင်ပိုင်းရှိ ရဲစခန်းသို့ ခေါ်ဆောင်သွားပြီး ဇွန်လ ၁၄ ရက် သန်းခေါင်ယံတွင် စွဲချက် တင်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က ယင်းလူငယ်သည် အကြမ်းဖက်မှုအား ပြုလုပ်ရန် ပြင်ဆင်ခြင်း (သို့) အစီအစဉ် ချရန် လုပ်ဆောင်မှုဖြင့် တရားစွဲဆို ခံရမည် ဖြစ်သည့် အပြင် ပြင်းထန်သည့် ပြစ်မှု ကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီကွန်း ကွန်ရက်အား အသုံးပြုမှု ဖြင့်လည်း စွဲချက် တင်ခံထားရကြောင်း သိရသည်။
၎င်းသည် ဇွန်လ ၁၅ ရက်တွင် ဆစ်ဒနီမြို့ရှိ ကလေးသူငယ် တရားရုံး၌ အမှု ရင်ဆိုင်ခဲ့ရသည်။
NSW ပြည်နယ် ရဲတပ်ဖွဲ့က ယခု အမှုသည် လူမှုအဖွဲ့ အစည်းအား ခြိမ်းခြောက်မှု မရှိကြောင်း နှင့် NSW ပြည်နယ်ပူးတွဲ အကြမ်းဖက်မှု နှိမ်နင်းရေး အဖွဲ့ (JCTT) မှ လုပ်ဆောင်နေသည့် အခြား စုံစမ်းစစ်ဆေးမှုများ နှင့် ဆက်စပ်မှု မရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.