Connect with us

Australia / Oceania

တရုတ်ကုမ္ပဏီလုပ်ငန်းမှ ရင်းနှီးမြုပ်နှံထားသော ဩစတြေးလျနိုင်ငံ လေအားလျှပ်စစ်စီမံကိန်းတွင် ပထမအသုတ်လေရဟတ်တာဘိုင်များကိုချိတ်ဆက်၍ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်

ဩစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ် Cattle Hill လေအားလျှပ်စစ်စီမံကိန်းတွင် ပထမအသုတ် လေရဟတ်တာဘိုင်များ ချိတ်ဆက်၍ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်သည့် အခမ်းအနား ကျင်းပစဉ်(ဆင်ဟွာ)

ဟိုးဘတ်၊ ဒီဇင်ဘာ ၇ ရက်(ဆင်ဟွာ)

POWERCHINA ကုမ္ပဏီမှ ရင်းနှီးမြုပ်နှံဆောင်ရွက်ထားသည့်  ဩစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ် Cattle Hill လေအားလျှပ်စစ်စီမံကိန်းတွင်  ပထမအသုတ် လေရဟတ်တာဘိုင်များ ချိတ်ဆက်၍ လျှပ်စစ်ဓါတ်အား ထုတ်လွှတ်သည့် အခမ်းအနားကို ဒီဇင်ဘာ ၆ ရက်က ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားကို တက်စမေးနီးယားပြည်နယ် စွမ်းအင်ဝန်ကြီး Guy Barnett၊ မဲလ်ဘုန်းမြို့ တရုတ်ကောင်စစ်ဝန်ရုံး  စီးပွားရေးသံမှူး ဝမ်ရှောင်ကြား၊ POWERCHINA RESOURCES LTD ကုမ္ပဏီ ဥက္ကဋ္ဌ ဆန့်ယွိမင် နှင့် သက်ဆိုင်ရာဌာနများမှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် Guy Barnettက တက်စမေးနီးယားပြည်နယ် အစိုးရ ကိုယ်စား POWERCHINA RESOURCES LTD အား ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး စွမ်းအင်သစ်တည်ဆောက်မှုနှင့် စီးပွားရေးရေရှည် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အကျိုးဆောင်မှုအတွက် အသိအမှတ်ပြုချီးမွမ်းစကား ပြောကြားခဲ့သည်။

 ဩစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ် Cattle Hill လေအားလျှပ်စစ်စီမံကိန်းနေရာအား တွေ့ရစဉ်(ဆင်ဟွာ)

 ဩစတြေးလျနိုင်ငံ တက်စမေးနီးယားပြည်နယ် Cattle Hill လေအားလျှပ်စစ်စီမံကိန်းနေရာအား တွေ့ရစဉ်(ဆင်ဟွာ)

Guy Barnettက Cattle Hill လေအားလျှပ်စစ်စီမံကိန်း အဆင်ပြေချောမွေ့စွာအကောင်အထည်ဖော်နိုင်ခြင်းသည် တက်စမေးနီးယားပြည်နယ်အစိုးရ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို ဖွံဖြိုးအောင် ဆောင်ရွက်ရာ၌ ယုံကြည်မှုကို ထပ်လောင်း တိုးစေကြောင်း ၊ စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် POWERCHINA က ဒေသစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ဆောင်ရွက်ပေးခဲ့ကြောင်း ၊ ဒေသ အရင်းအမြစ်များကို အပြည့်အဝအသုံးပြု၍ အလုပ်အကိုင်အခွင့်အလမ်း ထောင်နှင့်ချီဖန်တီးပေးခဲ့ရာ ဒေသခံပြည်သူများ၏ လူမှုဘဝကို ကောင်းမွန်အောင်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီကိုယ်စား မစ္စတာ ဆန့်ယွိမင်က အဆိုပါစီမံကိန်းသည် POWERCHINA RESOURCES LTD က POWERCHINAကိုယ်စား  ဖွံ့ဖြိုးပြီးနိုင်ငံတွင် ဆောင်ရွက်သည့်  စွမ်းအင်သစ် ရင်းနှီးမြုပ်နှံမှု ဆိုင်ရာ ပထမဆုံးစီမံကိန်းဖြစ်ရာ  အောင်မြင်မှု မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ စီမံကိန်းတည်ဆောက်စဉ်တွင် တရုတ်-ဩစတြေးလျနှစ်နိုင်ငံ ပါဝင်ဆောင်ရွက်သူများ အတူဆွေးနွေး၊အတူတည်ဆောက်၊ အတူမျှဝေသည့် စိတ်ဓာတ်ဖြင့် စိတ်ရင်းစေတနာအမှန် ပူးပေါင်းလက်တွဲရှေ့သို့လျှောက်လှမ်းခဲ့ကြရာ စီမံကိန်းတည်ဆောက်မှု၏အောင်မြင်မှုရလဒ်ကို အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

Cattle Hill လေအားလျှပ်စစ်စီမံကိန်းသည်  တက်စမေးနီးယားပြည်နယ် အလယ်ပိုင်းကုန်းမြင့်ဒေသတွင် တည်ရှိပြီး စုစုပေါင်း ရင်းနှီးမြုပ်နှံမှုပမာဏ သြစတြေးလျဒေါ်လာ သန်းပေါင်း ၃၃၀ ရှိကြောင်း သိရသည်။အဆိုပါစီမံကိန်းသည် စုစုပေါင်း တပ်ဆင်စွမ်းအား (Installed capacity)သည် ၁၄၈ ဒသမ  ၄ မဂ္ဂါဝပ်ရှိပြီး  ၄ ကီလိုမီတာရှိ  ၂၂၀ ကေဗွီ ဓါတ်အားလိုင်းကြိုးဖြင့် ဩစတြေးလျနိုင်ငံဓါတ်အားပေးကွန်ရက်ကို ချိတ်ဆက်ခြင်းဖြစ်ပြီး အိမ်ခြေပေါင်း ၆ သောင်းကျော်ကို  အရည်အသွေးမြင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.