Connect with us

Australia / Oceania

သြစတြေးလျ၌ လိင်တူချစ်သူ သွေးလှူရှင်များအား သွေးလှူခွင့် တားမြစ်ထားသဖြင့် သွေး အခက်အခဲ ဖြစ်နေ

သြစတြေးလျနိုင်ငံ မဲလ်ဘုန်း ဆေးရုံ၌ သွေးလှူဒါန်းနေသူ တစ်ဦးအား တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မဲလ်ဘုန်း ၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ တက်စမန်းနီးယား ပြည်နယ်တွင် သွေးလှူရှင်အသင်း အနေဖြင့် လိင်တူ ဆက်ဆံသူများအား သွေးလှူခွင့် ပိတ်ပင်ထားသည့် အသင်း၏ မူဝါဒကို ဖျက်သိမ်းပေးရန် ဖိအားပေးခြင်းကို ရင်ဆိုင် နေရကြောင်းသိရသည်။

ပြည်နယ်တွင်း၌ ဆောင်းရာသီတွင် သွေးလှူရှင် ဦးရေ ကျဆင်းလာသဖြင့် လိင်တူ ချစ်သူများအား ပိတ်ပင် တားဆီးထားသည့် သွေးလှူဒါန်းခွင့် ဥပဒေကို ပယ်ဖျက်ပစ်ရန် တန်စမန်းနီးယား ကြက်ခြေနီ သွေးလှူရှင် အသင်း၌ တာဝန်ရှိကြောင်း ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။
ဆောင်းရာသီတွင် ကြုံတွေ့နေရသော တုပ်ကွေးရောဂါကို ဖြေရှင်းရန်အတွက် ပြည်နယ်တွင်း၌ သွေးလှူရှင် ၁,ဝဝဝ ဦးလိုအပ်လျက်ရှိသည်။ ထို့ကြောင့် ကြက်ခြေနီ အသင်းသည် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ဝင်များအား သွေးလှူဒါန်းမှု ပိုမိုလုပ်ဆောင်ကြရန် နှင့် ပြည်နယ်တွင်း၌ သွေးပိုမို လှူဒါန်းကြရန် တွန်းအားပေးခဲ့သည်။
အိတ်ချ်အိုင်ဗီပိုး ကူးစက်ပြန့်ပွားမှုကို တားဆီးရန်ရည်ရွယ်ပြီး လိင်တူ ဆက်ဆံသူများသည် လိင်ဆက်ဆံပြီးနောက် ၁၂ လ အတွင်း သွေးလှူဒါန်းမှု မပြုရန် သွေးလှူရှင် အသင်းက စည်းမျဉ်း ထုတ်ပြန်ထားသည်။ တန်စမန်းနီးယား ပြည်နယ် လိင်တူ အခွင့်အရေး တက်ကြွလှုပ်ရှားသူ Rodney Croome က ပြည်နယ်တွင်းရှိ လိင်တူချစ်သူ ထောင်ပေါင်းများစွာသည် အန္တရာယ်ကင်းသော လိင်ဆက်ဆံမှု အလေ့အကျင့်ကောင်းကို ပြုမူလျက် ရှိကြောင်း နှင့်၎င်းတို့မှာ ခွဲခြား ဆက်ဆံ ခံနေရကြောင်း ပြောဆိုခဲ့သည်။
ထို့ပြင် လိင်တူ ချစ်သူများအား သွေးလှူဒါန်းခွင့် ပိတ်ပင်ထားခြင်းဖြင့် လူသားများ၏ အသက်ကို ကာကွယ်ခွင့် ဆုံးရှုံးခဲ့ရကြောင်း Croome က ဆက်ပြောသည်။သို့သော် ကြက်ခြေနီ သွေးလှူရှင် အသင်း မန်နေဂျာ Erin Lagoudarkis က လူနာများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးသာ ဦးစားပေးကြောင်း တုံ့ပြန် ပြောကြားသည်။
၂ဝ၁၅ ခုနှစ် ဒီဇင်ဘာလက အမေရိကန်နိုင်ငံမှ ပြန်လည် ရောက်ရှိလာသည့် အသက် ၃ဝ နှစ်အရွယ် အမျိုးသား တစ်ဦးတွင် HIV ပိုးတွေ့ရှိခဲ့ရာ လိင်တူ ဆက်ဆံသူများအား လိင်ဆက်ဆံပြီး ၁၂ လအကြာမှ သွေးလှူဒါန်းခွင့်ပြုသည့် အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
သြစတြေးလျနိုင်ငံ၏ သွေးလှူဒါန်းခွင့် မူဝါဒတွင် ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဆိုခြင်းအား Lagoudakis က ငြင်းဆိုလိုက်ပြီး သွေးလှူရှင် အသင်းအနေဖြင့် လာမည့် ၂ဝ၁၈ ခုနှစ်တွင် သွေးလှူဒါန်းခြင်းဆိုင်ရာ မူဝါဒများအား ပြန်လည် သုံးသပ်သွားရန် ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.