Connect with us

Australia / Oceania

ရှာဖွေတွေ့ရှိထားသော လေယာဉ် အစိတ်အပိုင်းများသည် MH 370 ၏ အစိတ်အပိုင်းများ ဖြစ်နိုင်ကြောင်း သြစတြေးလျ အစိုးရ ပြောကြား

မလေးရှား လေကြောင်းလိုင်းမှ လေယာဉ် တစ်စီးအား မြင်တွေ့ရစဉ် (ဆင်ဟွာ)

မဲလ်ဘုန်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

လာရီယူနီယံ ကျွန်း၌ ရှာဖွေ တွေ့ရှိထားရသော လေယာဉ်အပျက်အစီး အစိတ်အပိုင်းများအား ဆန်းစစ်နေပြီး ထိုအစိတ်အပိုင်းများသည် အိန္ဒိယ သမုဒ္ဒရာ တောင်ဘက်၌ ပျောက်ဆုံးခဲ့သော MH 370 ၏ အစိတ်အပိုင်းများ ဖြစ်နိုင်ကြောင်း သြစတြေးလျ အစိုးရက ကြာသပတေးနေ့တွင် ပြောကြားလိုက်ပါသည်။

“သြစတြေးလျ ကလဲ အဲဒီ လေယာဉ်အပျက်အစီး အပိုင်းအစတွေနဲ့ ပတ်သက်ပြီး အလေးထား စောင့်ကြည့်နေ ပါတယ်” ဟု သြစတြေးလျ ဒုတိယ ဝန်ကြီးချုပ် ဝါရန် တရက်စ် က သတင်းထုတ်ပြန်ချက် တွင် ပြောပါသည်။

သူ၏ အဆိုအရ အဆိုပါ အပျက်အစီး အကျိုးအပဲ့ များရဲ့ မူလရင်းမြစ်ကို ပညာရှင်များက လေ့လာဆန်းစစ်နေ လျက် ရှိပြီး မလေးရှား နိုင်ငံက စုံစမ်း ရှာဖွေမှုအတွက် ဘိုးအင်း ကုမ္ပဏီမှ ထောက်ပံ့ ကူညီထားကြောင်း သိရပါသည်။

အဆိုပါ အစိတ်အပိုင်းများသည် MH 370 ၏ အစိတ်အပိုင်းများ ဖြစ်ခဲ့မည် ဆိုလျှင် လေ့လာသူများ၏ အဆိုများနှင့် ကိုက်ညီနိုင်မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်က ဖော်ပြထားသည်။ အဆိုပါ လေယာဉ်ပျက် အပိုင်းအစများအား ဗုဒ္ဓဟူးနေ့က ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

လေကြောင်းဆိုင်ရာ လုံခြုံရေး ကျွမ်းကျင်သူများ၏ အဆိုအရ လေယာဉ်ပျက် အပိုင်းအစများသည် ဘိုးအင်း 777 လေယာဉ်၏ အစိတ်အပိုင်းများနှင့် မယုံကြည်နိုင်လောက်အောင် ဆင်တူနေကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.