Connect with us

Australia / Oceania

သြစတြေးလျမှ အသက် ၃၀ နှစ်အရွယ် ကမ္ဘာ့အသက်အကြီးဆုံး ခွေး သေဆုံး

ကမ္ဘာ့အသက်အကြီးဆုံး ခွေး မက်ဂီ (ဓာတ်ပုံ- အင်တာနက်)

မဲလ်ဘုန်း၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)

ကမ္ဘာ့ အသက်အကြီးဆုံး ခွေးဟု ယူဆရသည့် သြစတြေးလျနိုင်ငံမှ ခွေးတစ်ကောင်သည် အသက် ၃၀ နှစ်အရွယ်၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။

မက်ဂီ (Maggie) ဟု ခေါ်သည့် သြစတြေးလျ ကယ်လ်ပီ (Kelpie) အမျိုးအစား ခွေးမှာ ယခုအပတ် အစော ပိုင်းက ၎င်း၏ သခင် ဘရိန်း မက်လာရန်၏ ယာခင်းတွင် သေဆုံးနေကြောင်း တွေ့ရှိခဲ့ပြီး ဧပြီလ ၂၀ ရက်တွင် မီဒီယာသမားများအား သတင်းပေးခဲ့သည်။

“သူက အသက် ၃၀ နှစ် အနည်းဆုံး ရှိပါပြီ၊ ပြီးခဲ့တဲ့ တစ်ပတ်က ကောင်းကောင်းမွန်မွန် သွားလာနေပါသေး တယ်” ဟု မက်လာရန်က News Corp သတင်းဋ္ဌာနအား ဧပြီလ ၂၀ ရက်က ပြောသည်။
လွန်ခဲ့သော နှစ်က ကမ္ဘာပေါ်တွင် အသက်အကြီးဆုံး ခွေးအဖြစ် သတင်းစာတစ်ခုတွင် ဖော်ပြခဲ့ပြီးနောက် မက်ဂီမှာ ကမ္ဘာကျော် ဖြစ်လာခဲ့သည်။ မက်ဂီ၏ ခွေး သက်သေခံ စာရွက်စာတမ်းများမှ ငယ်စဉ်ကတည်းက ပျောက် ဆုံးသွားသဖြင့် ၎င်း၏ အသက်အား အသေအချာ စိစစ် အတည်မပြုနိုင်သော်လည်း မက်ဂီကို ခေါ်လာစဉ်က မက်လာရန်၏ အငယ်ဆုံးသားက အသက် ၄ နှစ်အရွယ်သာ ရှိသေးပြီး လက်ရှိတွင် ထိုအငယ်ဆုံးသားမှာ အ သက် ၃၄ နှစ်အရွယ် ရှိနေပြီ ဖြစ်သည်။ ဒါကြောင့် မက်ဂီ၏ အသက်မှာ အနည်းဆုံး ၃၀ နှစ် ရှိပြီဖြစ်ကြောင်း မက်လာရန်က ပြောသည်။

ခွေးအများစု သက်တမ်းမှာ ၈ နှစ်မှ ၁၅ နှစ်အကြားရှိသည်။ အသက် ၂၀ ကျော် အသက်ရှင်ပြီး မှတ်တမ်းဝင်ခဲ့ သည့် ခွေးများမှာလည်း အလွန်ရှားပါးလှသည်။ သြစတြေးလျ နိုင်ငံတွင် ကမ္ဘာ့အသက်အကြီးဆုံး ခွေးဖြစ်သော Bluey မှာ အသက် ၂၉ နှစ် (၁၉၁၀- ၁၉၃၉) ဖြင့် တရားဝင် ဂင်းနစ် စံချိန်တင်ခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117