Connect with us

Eastern Europe

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်တွင် မော်တော်ယာဉ် လူသွားလမ်းဝင်တိုး၍ လူ ၂ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ရုရှားနိုင်ငံ မော်စကိုတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၏ မြို့လယ်ခေါင် Nevskyလမ်းမကြီးတွင် ဖေဖော်ဝါရီ ၂၄ ရက်က မော်တော်ယာဉ်လူသွားလမ်း ဝင်တိုးသည့် ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ လူ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးမောင်းနှင်သည့် BMW ကားတစ်စီးသည် Nevsky လမ်းမ အမှတ် ၅၅ အနီးသို့အရောက်တွင် လမ်းညာဘက်ခြမ်းရှိ လူသွားလမ်းကို ဝင်တိုးခဲ့ရာ အမေရိကန်အမျိုးသား တစ်ဦးနှင့် ရုရှားအမျိုးသမီးတစ်ဦးသည် အချင်းဖြစ်နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သလို အခြားအမျိုးသမီး ၁ ဦးနှင့်အမျိုးသား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က ယာဉ်မောင်းအား ဖမ်းဆီးထားပြီး အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.