Connect with us

Europe

ရုရှားတွင် အရက်အဆိပ်သင့်မှုကြောင့် ၁၆ဦးသေဆုံး

သောက်သုံးရန်မသင့်သည့် လိုးရှင်းတချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

မော်စကို၊ ဒီဇင်ဘာ ၁၉ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ အရှေ့ပိုင်း Siberian ပြည်နယ် Irkutskမြို့တွင် “Boyarishnik” ဟုတံဆိပ်ကပ်ထားသော ရေချိုးသည့် လိုးရှင်းတစ်မျိုးရောစပ်ထားသည့် အရက်အား သောက်သုံးပြီးနောက် အရက်အဆိပ်သင့်မှုဖြစ်ပွားကာ လူ ၁၆ဦး သေဆုံးခဲ့ကြောင်း ရုရှားသတင်းဋ္ဌာန TASS က ဒီဇင်ဘာ ၁၉ရက်တွင်ဖော်ပြခဲ့သည်။

ရုရှားနိုင်ငံစုံစမ်းစစ်ဆေးရေးကော်မတီ က ရရှိထားသည့် သတင်းအချက်အလက်များအရ အရက်အဆိပ်သင့်မှု ကြောင့် အနည်းဆုံး ၁၆ဦးသေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦးမှာ ဒီဇင်ဘာ ၁၉ရက်နံနက်ပိုင်းတွင် သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူအားလုံးသည် “သောက်သုံးရန်မဟုတ်”ဟု သတိပေးချက် ကပ်ထားသည့် လိုးရှင်းအား သောက်မိပြီးနောက် အဆိပ်သင့်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

သောက်သုံး၍ မရသော အရက်ပါဝင်သည့် ဓါတုအရည်များအား သောက်သုံးခြင်းကြောင့် အဆိပ်သင့်မှုများသည် ရုရှားနိုင်ငံ၌ ဖြစ်လေ့ဖြစ်ထရှိသော်လည်း ယခုဖြစ်ရပ်သည် လူသေဆုံးမှု အများဆုံး ဖြစ်ကြောင်း သိရသည်။

စုံစမ်းစစ်ဆေးရေးကော်မတီ က ယင်းအရက်အဆိပ်သင့်မှုနှင့် ပတ်သက်၍ စစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.