Connect with us

Europe

ရုရှား နိုင်ငံမှ တူရကီ နိုင်ငံ အပေါ် စီးပွားရေး ပိတ်ဆိုမှု များစတင် ဆောင်ရွက်သည့် အတွက် တူရကီ နိုင်ငံ သမ္မတ မှ စွမ်းအင် အရင်းအမြစ် ထောက်ပံ့မှု အသစ် စတင်ရှာဖွေရန်ပြောကြား

တူရကီ နိုင်ငံ သမ္မတ ရီဆပ် အာဒိုဂန် (Recep Tayyip Erdoğan) အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

အစ္စတန်ဘူလ် ၊ ဒီဇင်ဘာ ၆ ရက်(ဆင်ဟွာ)

တူရကီ နိုင်ငံ သမ္မတ ရီဆပ် အာဒိုဂန် (Recep Tayyip Erdoğan) အနေဖြင့် ဒီဇင်ဘာလ ၅ ရက်နေ့တွင် တူရကီ နိုင်ငံ အနေဖြင့် ယခင် ရုရှား နိုင်ငံ မှ စွမ်းအင် ဝယ်ယူမှုများရှိခဲ့သော်လည်း လက်ရှိချိန်တွင် ထောက်ပံ့မှု နိုင်ငံ အသစ် တစ်ခု ရှာဖွေ သွားရန်လိုအပ်ကြောင်း ထုတ်ပြန်ပြောကြား ခဲ့သည်။

တူရကီ နိုင်ငံ သမ္မတ မှ ရုရှား နိုင်ငံသည် တူရကီ နိုင်ငံ၏ သဘာဝ ဓာတ်ငွေ ပို့ဆောင်ပေးနေသော အဓိက နိုင်ငံ ဖြစ်သည် သို့သော်လည်း တစ်ခုတည်းသော သဘာဝ ဓာတ်ငွေ ပို့ဆောင်နေသော နိုင်ငံ မဟုတ်ကြောင်း ကျွန်တော် တို့အနေဖြင့် အခြား ထောက်ပံ့ပေး နိုင်သော နိုင်ငံ ရှာဖွေသွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရုရှား နိုင်ငံ ၏ Su-24 တိုက်လေယာဉ်သည် နိုဝင်ဘာ ၂၄ ရက်နေ့တွင် ဆီးရီးယား နှင့် တူရကီ နယ်စပ် တွင် တူရကီ နိုင်ငံမှ F-16 တိုက်လေယာဉ်၏ ပစ်ခတ်မှု ကြောင့် ပျက်ကျပျက်ဆီးခဲ့ရပြီးနောက်ပိုင်းတွင်း ရုရှား နိုင်ငံ သမ္မတ ပူတင် မှ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ရုရှား နိုင်ငံ သမ္မတ အမိန့်ကြေညာ စာတန်းဖြင့် တူရကီ နိုင်ငံ အား အရေးယူ ပိတ်ဆိုမှု များဆောင်ရွက်မည့် စာချုပ်တွင် လက်မှတ်ရေးထိုးကာ ကြောညာချက်အား ထုန်ပြန်ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.