Connect with us

Europe

လုံခြုံရေးအကြောင်းပြချက်ဖြင့် တူရကီနိုင်ငံရှိ နယ်သာလန်သံရုံးပိတ်သိမ်း

တူရကီအထူးရဲတပ်ဖွဲ့ က နယ်သာလန်သံရုံးရှေ့ တွင် လုံခြုံရေးယူထားစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အန်ကာရာမြို့ရှိ နယ်သာလန်သံရုံး နှင့် အစ္စတန်ဘူလ်မြို့ရှိ နယ်သာလန်ကောင်စစ်ဝန်ရုံးများအပါဝင် သံရုံးအမှုထမ်းနေအိမ်များ အားလုံးကိုပါ လုံခြုံရေးအကြောင်းပြချက်များဖြင့် မတ်လ ၁၁ ရက်က ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင်ဟွာသတင်းဌာနသို့အတည်ပြုပြောကြားသည်။

နယ်သာလန်နိုင်ငံ Rotterdam မြို့ရှိ တူရကီကောင်စစ်ဝန်ရုံး အဝင်လမ်းမကြီးကို နယ်သာလန်လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက ပိတ်ပစ်ခဲ့ပြီးနောက်တွင် ယခုကဲ့သို့တူရကီနိုင်ဘက်ကလည်း တုံ့ပြန်မှုများပြုလုပ်လာခြင်းဖြစ်သည်။

ယင်းနေ့မတိုင်ခင် တစ်ရက်က တူရကီနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu လိုက်ပါလာသော လေယာဉ်ကို နယ်သာလန်နိုင်ငံ Rotterdam မြို့၌ ဆင်းသက်ရန် နယ်သာလန်အာဏာပိုင်များက ခွင့်မပြုခဲ့ပေ။

သမ္မတ တစ်ဦးတည်း စနစ်အတွက် လူထုဆန္ဒခံယူပွဲပြုလုပ်ခြင်းကို တူရကီနိုင်ငံသားများ ထောက်ခံအားပေးရန်အတွက် ဝန်ကြီးက လေယာဉ်ဖြင့် စည်းရုံးရောက်သွားရောက်စဉ် ယင်းကဲ့သို့လေယာဉ်ဆင်းသက်ခွင့် ငြင်းပယ်ခံခဲ့ရခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် တူရကီနိုင်ငံ မိသားစု နှင့်လူမှုရေး မူဝါဒဆိုင်ရာ ဝန်ကြီးဌာနဝန်ကြီး Betul Sayan Kaya က တူရကီကောင်စစ်ဝန်ရုံးရှိရာ Rotterdam မြို့ရှိ လမ်းမကြီးကို နယ်သာလန်ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက်လာခြင်းအား ခွင့် မပြုခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.