Connect with us

Europe

ပရီးမီးယားလိဂ်၏ ဖေဖော်ဝါရီအတွက် အကောင်းဆုံးနည်းပြဆုကို ဂွာဒီယိုလာ ဆွတ်ခူး

မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွာဒီယိုလာ အားတွေ့ ရစဉ်(ဆင်ဟွာ)

လန်ဒန်၊မတ် ၁၁ ရက် (ဆင်ဟွာ)

အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲ၏ ဖေဖော်ဝါရီလအတွက် အကောင်းဆုံး နည်းပြဆုကို တစ်လတာအတွင်း အကောင်းဆုံးရလဒ်များ စွမ်းဆောင်ပေးခဲ့သည့် မန်ချက်စတာစီးတီးနည်းပြ ပတ်ဂွာဒီယိုလာက ဆွတ်ခူးရရှိသွားကြောင်း သိရသည်။

မန်ချက်စတာစီးတီးအသင်းသည် ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ကစားခဲ့သော ပရီးမီးယားလိဂ် သုံးပွဲစလုံးတွင် အနိုင်ရရှိခဲ့ပြီး ၈ ဂိုးအထိသွင်းယူနိုင်ခဲ့ကာ ပေးဂိုး တစ်ဂိုးသာခွင့်ပြုခဲ့ရသည်။၎င်းတို့သည် ဝက်ဟမ်းအသင်းအား အိမ်ကွင်း၌ ၄ ဂိုး-ဂိုးမရှိဖြစ်လည်းကောင်း ၊ ဆွမ်ဆီးအသင်းအား ၂ ဂိုး- ၁ ဂိုးဖြစ်လည်ကောင်း ၊ ဘုန်းမောက်အသင်းအား ၂ဂိုး-ဂိုးမရှိ ဖြစ်လည်းကောင်းအသီးသီး အနိုင်ရခဲ့သည်။

ယခုဆွတ်ခူးရရှိခဲ့သော အကောင်းဆုံးဆုသည် ပြီးခဲ့သော နွေရာသီက ပရီးမီးယားလိဂ်သို့ရောက်ရှိလာခဲ့သော ဂွာဒီယိုလာအတွက် ပထမဆုံး ဆွတ်ခူးရရှိသည့် ဆုတစ်ဆုဖြစ်သည်။ ၂ဝ၁၅ ခုနှစ် သြဂုတ်လက မန်ချက်စတာစီးတီးအသင်းနည်းပြ Manuel Pellegrini ရာထူးမှ နှုတ်ထွက်သွားခဲ့ပြီးနောက် ဂွာဒီယိုလာသည် မန်းစီးတီးအသင်းသို့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အသက် ၄၆ နှစ်အရွယ်ရှိ နည်းပြဂွာဒီယိုလာအား ဖေဖော်ဝါရီလအတွက်အကောင်းဆုံးပရီးမီးယားလိဂ်နည်းပြအဖြစ် အားကစားပရိသတ်များ နှင့် ဝါရင့်ကလောင်ရှင်များက စုပေါင်း မဲပေးရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။ ၎င်းသည် အကောင်းဆုံးဆုအတွက် ဆန်ကာတင် လေးဦးစာရင်းမှ မန်ချက်စတာယူနိုက်တက်နည်းပြ မော်ရင်ညို ၊ ဝက်ဘရွန်းနည်းပြ တိုနီပူးလစ် ၊ ချဲလ်ဆီးနည်းပြ အန်တိုနီယိုကွန်တီ တို့အားအသီးသီးကျော်ဖြတ်ကာ အရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.