Connect with us

Europe

ယူရို ၂၀၁၆ အား ပဲရစ်တွင် ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း UEFA က အတည်ပြု ပြောကြား

ယူရို ၂၀၁၆ အမှတ်တံဆိပ် အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

ပဲရစ်မြို့တွင် နိုဝင်ဘာလ ၁၃ ၇က်နေ့က အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့သော်လည်း ၂၀၁၆ ဥရောပ ချန်ပီယံရှစ် ပွဲစဉ်များအား စီစဉ်ထားသည့် အတိုင်း ပြင်သစ်နိုင်ငံတွင် ဆက်လက် ပြုလုပ်သွားမည် ဖြစ်ကြောင်း ဥရောပ ဘောလုံး အဖွဲ့ချုပ် (UEFA) က အတည်ပြု ပြောကြားလိုက်သည်။

“ယူရို နောက်ဆုံး ပွဲစဉ်အား အစီအစဉ်အတိုင်း ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ပဲရစ်မြို့ Palias des Congres မှာပဲ ဆက်လုပ်မှာ ဖြစ်ပြီး ၂၀၁၆ ခုနှစ် အတွက် နောက်ဆုံး တံခွန်စိုက် ပွဲစဉ်များကိုလည်း ဇွန်လ ၁၀ ရက်မှ ဇူလိုင်လ ၁၀ ရက်နေ့အထိ ပြင်သစ်မှာ ပြုလုပ်မယ်” ဟု UEFA မှထုတ်လုပ်သည့် သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အနည်းဆုံး လူ ၁၂၉ ဦးသေဆုံးပြီး ၃၅၂ ဦး ဒဏ်ရာရှိခဲ့သည့် ပဲရစ် တိုက်ခိုက်ခံရမှုသည် အားကစားရုံ အပါအဝင် နေရာ အတော်များများ၌ တိုက်ခိုက်ခံခဲ့ရပြီး အစွန်းရောက် အစ္စလာမ်မစ် အိုင်အက်စ် အဖွဲ့၏ လက်ချက် ဖြစ်သည်ဟု ဆိုသည်။

“လက်တွေ့ကျတဲ့ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပြီးတဲ့ နောက်ပိုင်း UEFA နဲ့ EURO 2016 SAS တို့က စင်တာများရဲ့ ဘေးကင်းရေးနဲ့ လုံခြုံရေးတွေ အတွက် ကတိပြုထားတဲ့ အတိုင်း လုပ်ဆောင်ပေးဖို့ ထပ်မံ တောင်းဆိုထား ပါတယ်” ဟု UEFA က သတင်း ထုတ်ပြန်ချက်တွင် ပြောကြား ထားသည်။
ပြင်သစ် နည်းပြ Dider Deschamps ကလည်း ယင်းသို့ ဆုံးဖြတ်ချက်အား ထောက်ခံထားပြီး ယူရို ၂၀၁၆ အား ပြင်သစ်တွင် ပြုလုပ်မည် ဖြစ်ကြောင်းနှင့် အကောင်းဆုံး အခြေအနေတွင် ဆက်လက် လုပ်ဆောင်နိုင်လိမ့်မည် ဟုလည်း သတင်းစာ ရှင်းလင်းပွဲ၌ ပြောသည်။
နိုဝင်ဘာလ ၁၃ ရက်နေ့ တိုက်ခိုက် ခံရမှုတွင် ယူရို ၂၀၁၆ နောက်ဆုံး ပွဲစဉ်ကျင်းပမည့် အားကစားရုံ Stade de France လည်း ပါဝင်ခဲ့ပြီး ထိုအချိန်တွင် ဂျာမနီ ကမ္ဘာ့ဖလား ချန်ပီယံများ ပွဲစဉ်အား ပြင်သစ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေသည့် အချိန်လည်း ဖြစ်သည်။
Euro 2016 အား ဇွန်လ ၁၀ ရက်မှ ဇူလိုင်လ ၁၀ ရက်နေ့ အထိ ပြုလုပ်မည် ဖြစ်သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117