မော်စကို၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံနေဖြင့် ယူကရိန်းနိုင်ငံကိုကျော်၍ ရုရှား၏ဒုံးကျည်များအား ကြားဖြတ်ပစ်ချရန် ကြိုးပမ်းမည်ဆိုလျှင် ရုရှားနိုင်ငံက ပြတ်ပြတ်သားသား တုံ့ပြန်မည်ဖြစ်ကြောင်း ရုရှားအဆင့်မြင့်သံတမန်တစ်ဦးက ဩဂုတ် ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ကိဗ်၊ ဩဂုတ် ၁၉ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Kursk ပြည်နယ်ကို တိုက်ခိုက်ရခြင်း၏ အဓိက ရည်ရွယ်ချက်များအနက်တစ်ခုမှာ ရုရှားနယ်မြေအတွင်း ကြားခံဇုန်တစ်ခု ထူထောင်ရန်ဖြစ်ကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက သြဂုတ် ၁၈ ရက် ညနေပိုင်းက ရုပ်သံမိန့်ခွန်းပြောကြားရာတွင် ပြောကြားခဲ့သည်။ လက်ရှိ ယူကရိန်းစစ်တပ် အလုံးစုံကာကွယ်ရေးလှုပ်ရှားမှု၏...
တာ့ရှ်ကန့်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) ဥဇဘက်ကစ္စတန်နိုင်ငံ သမ္မတ Shavkat Mirziyoyev သည် ရုရှားနိုင်ငံ သမ္မတ ပူတင်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စရပ်များကို ဆွေးနွေးရန်အတွက် ဩဂုတ် ၁၅ ရက်က ဖုန်းခေါ်ဆိုခဲ့ကြောင်း သိရသည်။နှစ်နိုင်ငံသမ္မတများသည် အဆိုပါ ဖုန်းခေါ်ဆိုမှုတွင် နှစ်နိုင်ငံ နယ်ပယ်စုံပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးချဲ့ရန်နှင့် ဘက်စုံမဟာဗျူဟာမြောက်...
ဘာလင်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် ဂျာမနီနိုင်ငံမှ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ တစ်ဟုန်ထိုးမြင့်တက်လျက်ရှိပြီး ယခုနှစ် ပထမနှစ်ဝက်၌ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုသည် ယမန်နှစ် တစ်နှစ်တာလုံး၏ ရင်းနှီးမြှုပ်နှံမှု ပမာဏထက်ပင် ကျော်လွန်သွားခဲ့သည်ဟု Financial Times သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။ ယင်းသည် တရုတ်ဈေးကွက်၏ အပေါင်းလက္ခဏာဆောင်သော...
ကုလသမဂ္ဂ၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ) ဂါဇာဒေသတွင် အစ္စရေးက စစ်ဆင်ရေးလုပ်ဆောင်မှုများကို တတ်နိုင်သမျှ အမြန်ဆုံးရပ်တန့်ရေးနှင့် အရပ်သားများအား ရက်ရက်စက်စက် သတ်ဖြတ်နေခြင်းကို ရပ်တန့်ရေးအတွက် အစ္စရေးအား တွန်းအားပေးရန် အမေရိကန်အနေဖြင့် တာဝန်သိသိနှင့် စိတ်ရောကိုယ်ပါ လုပ်ဆောင်ရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ်က ဩဂုတ် ၁၃ ရက်တွင်...
မော်စကို၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာ့စ်ဒေသ၊ ဂလက်ရှ်ကော့စကီးခရိုင်မှ ဒေသခံအားလုံးကို ဘေးလွတ်ရာသို့ မဖြစ်မနေရွှေ့ပြောင်းကြရန် ညွှန်ကြားထားသည်ဟု ယာယီအုပ်ချုပ်ရေးမှူး အလက်ဆေး ဆမီယာနော့ဗ်က ဩဂုတ် ၁၄ ရက်တွင် ၎င်း၏တယ်လီဂရမ် ချန်နယ်မှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။ “ဒေသဆိုင်ရာ စီမံခန့်ခွဲရေးဌာနချုပ်က ဂလက်ရှ်ကော့စကီး ခရိုင်တစ်ခုလုံး မဖြစ်မနေရွှေ့ပြောင်းခိုင်းဖို့...
မော်စကို၊ သြဂုတ် ၁၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Belgorod ပြည်နယ် အရေးပေါ်အခြေအနေသို့ရောက်ရှိကြောင်း ယင်းပြည်နယ်အုပ်ချုပ်ရေးမှူး Vyacheslav Gladkov က သြဂုတ် ၁၄ ရက်တွင် ကြေညာခဲ့သည်။ Belgorod ပြည်နယ်၏ လက်ရှိအခြေအနေသည် လွန်စွာ တင်းမာပြီး ရှုပ်ထွေးနေကြောင်း၊ ယူကရိန်း လက်နက်ကိုင်တပ်ဖွဲ့များသည် နေ့တိုင်း...
ကိဗ်၊ သြဂုတ် ၁၄ (ဆင်ဟွာ) ရုရှားနိုင်ငံ Kursk ပြည်နယ်တွင် ယူကရိန်းစစ်တပ် ဆက်လက်ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း ယူကရိန်းနိုင်ငံ သမ္မတ ဇယ်လန်းစကီးက သြဂုတ် ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ဇယ်လန်းစကီးသည် ထိုနေ့တွင်ပင် ယူကရိန်းစစ်တပ် ကာကွယ်ရေးဦးစီးချုပ် Syrskyi နှင့် ဗီဒီယိုခေါ်ဆိုမှု ပြုလုပ်ခဲ့သည်။ ထို့နောက် မကြာမီ...
မော်စကို၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) ယူကရိန်းစစ်တပ်က ရုရှားနိုင်ငံ နယ်မြေဖြစ်သည့် Kursk ပြည်နယ်ကို ဩဂုတ် ၆ ရက်တွင် လျှပ်တစ်ပြက်တိုက်ခိုက်လိုက်ပြီး မကြာမီတွင်ပင် ယင်းပြည်နယ်၌ နှစ်ဖက်အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့သည်။ သုံးသပ်သူအချို့က ယူကရိန်းဘက်က ယခုအကြိမ်လှုပ်ရှားမှုမှတစ်ဆင့် ရှေ့တန်းကအခြားသောဖိအားများကို လျှော့ချလိုခြင်း ဖြစ်ပြီး...
အေသင်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ) ဂရိနိုင်ငံ အရှေ့မြောက်ပိုင်း အေသင်မြို့ ဆင်ခြေဖုန်းရပ်ကွက်များနှင့် Attica ဒေသရှိ ဒေသခံအမြောက်အမြားသည် ဩဂုတ် ၁၂ ရက်ညပိုင်း နှစ်ညဆက်တိုက်အဖြစ် နိုးနိုးကြားကြားရှိနေကြောင်း၊ ကြီးမား၍ ရွေ့လျားမှုမြန်ဆန်သော တောမီးသည် မြို့တော်ကိုပင် ခြိမ်းခြောက်လျက်ရှိကြောင်း သိရသည်။ တောမီးငြှိမ်းသတ်ရေးလုပ်ငန်းကို မီးသတ်သမား၊ စစ်ဘက်အမှုထမ်း၊...