Connect with us

Europe

အောက်လွှှတ်တော်ကို ဆိုင်းငံ့ထားရန် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် ၏ ကြေညာချက်အား ကန့်ကွက်ဆန္ဒပြ

ဗြိတိန်နိုင်ငံတွင် ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် ၏ အောက်လွှတ်တော်ကို ဆိုင်းငံ့ထားရန် ရှိ ကြောင်း ကြေညာချက်အားလန်ဒန်မြို့ရှိအောက်လွှတ်တော်အဆောက်အအုံအပြင်ဖက်တွင် ဆန္ဒပြနေ သူများအား သြဂုတ်လ ၂၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန်၊ သြဂုတ်လ ၂၉ ရက်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် က ၎င်းအနေဖြင့် အောက်လွှှတ်တော်ကို ဆိုင်းငံ့ထားရန် ရှိ ကြောင်း ကြေညာချက်အား ကန့်ကွက်ဆန္ဒပြသည့်အနေဖြင့် ဗြိတိန်နိုင်ငံတစ်ဝန်း မြို့ကြီးများရှိ ရင်ပြင် များတွင် ထောင်ပေါင်းများစွာသောပြည်သူတို့က သြဂုတ်လ ၂၈ ရက်ညကစုဝေးခဲ့ကြကြောင်း သိရပါ သည်။

ဆန္ဒပြသူများက ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် အနေဖြင့် နိုင်ငံရေးအာဏာသိမ်းမှုတစ်ရပ်ကို ကျူးလွန်နေ ကြောင်းစွပ်စွဲထားသည့် စာတန်းများကိုဝှေ့ယမ်းကိုင်ဆောင်ခဲ့ကြသည်။ဘိုးရစ်ဂျွန်ဆင် ၏ပြိုင်ဘက်များ က အဆိုပါလုပ်ရပ်ကအောက်တိုဘာ ၃၁ ရက်တွင် ဗြိတိန်အား ဥရောပသမဂ္ဂမှ သဘောတူညီချက်မရ ရှိလျှင်လည်း နုတ်ထွက်မည့် ၎င်း၏ အစီအစဉ်က ိုရပ်ဆိုင်းစေနိုင်သော လွှတ်တော်အမတ်များ ၏ လုပ် ဆောင်နိုင်မှုကို လျှော့ချရန် တစ်ဖက်သတ်ရည်ရွယ်လုပ်ဆောင်မှုဖြစ်ကြောင်း ပြောခဲ့ကြပါသည်။

ဗြိတိန်နိုင်ငံတွင် ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် ၏ အောက်လွှှတ်တော်ကို ဆိုင်းငံ့ထားရန် ရှိ ကြောင်း ကြေညာချက်အားလန်ဒန်မြို့ရှိအောက်လွှတ်တော်အဆောက်အအုံအပြင်ဖက်တွင် ဆန္ဒပြနေ သူများအား သြဂုတ်လ ၂၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံတွင် ဝန်ကြီးချုပ် ဘိုးရစ်ဂျွန်ဆင် ၏ အောက်လွှှတ်တော်ကို ဆိုင်းငံ့ထားရန် ရှိ ကြောင်း ကြေညာချက်အားလန်ဒန်မြို့ရှိအောက်လွှတ်တော်အဆောက်အအုံအပြင်ဖက်တွင် ဆန္ဒပြနေ သူများအား သြဂုတ်လ ၂၈ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ဥပဒေပြုလွှတ်တော်အား ရပ်ဆိုင်းမှုအဖြစ်သိကြသော ဘိုးရစ်ဂျွန်ဆင် ၏အောက်လွှှတ်တော်ကို ဆိုင်းငံ့ မှုက လွှတ်တော်အမတ်များ နွေရာသီနားရက်အပြီးလွှတ်တော်သို့ သြဂုတ် ၂၇ ရက်က ပြန်လာကြပြီး နောက် ရက်အနည်းငယ်အကြာတွင် စတင်မည်ဖြစ်ကြောင်းသိရသည်။

သြဂုတ်လ ၂၈ ရက်ညတွင်လူမှုကွန်ရက်များ၌ဖေါ်ပြထားသောသတင်းများအရအချို့သော အတိုက်အ ခံ လွှတ်တော်အမတ်များက ဘိုးရစ်ဂျွန်ဆင်၏အကြံကို ပယ်ဖျက်နိုင်ရန်အတွက်လျှောက်ထားအသနား သည့်အနေဖြင့် နန်းတော်သို့စာရေးအကြောင်းကြားခဲ့ကြသည် ဟုလည်းဆိုပါသည်။

လန်ဒန်မြို့နှင့် အဓိကမြို့ကြီးများတွင် ပြည်သူများကစုရုံးကြကာ လူတစ်သန်းခန့်တို့၏ အမည်များဖြင့် လွှတ်တော်သို့ ပြည်သူ့သဘောထား အသနားခံဖော်ပြချက် တစ်ခုကိုလည်း ပေးပို့ခဲ့ကြကြောင်း သိရ သည်။ မန်ချက်စတာမြို့ရှိ အယ်လ်ဘတ် ရင်ပြင်တွင် ဆန္ဒပြသူအများအပြားက “အာဏာသိမ်းမှု ရပ် ဆိုင်းပါ” ဟု ကြွေးကျော်အော်ဟစ်ကာ ဆန္ဒပြခဲ့ကြသည်။

မန်ချက်စတာမြို့ကဲ့သို့ပင် လိဒ်စ်၊အီဒင်ဘာ့ဂ် နှင့် အခြားမြို့ငယ်များ၊မြို့ကြီးများတွင် လွှတ်တော်ရပ် ဆိုင်းမှု အားဆန့်ကျင်သောလူထုဆန္ဒပြပွဲများ သြဂုတ်လ ၂၈ ရက်ကပြုလုပ်ခဲ့ကြကြောင်းသိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.