Connect with us

International Organizations

နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အကြီးအကဲ အသစ် ရွေးကောက်ရန်ရှိ

နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ မန်နေဂျင်း ဒါရိုက်တာ ခရစ္စတင်း လာဂါ့ဒ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဇူလိုင်လ အစောပိုင်းတွင် သက်တမ်းကုန်ဆုံးမည့် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) ၏ မန်နေဂျင်း ဒါရိုက် တာ ခရစ္စတင်း လာဂါ့ဒ် နေရာတွင် အစားထိုးရန် အတွက် မန်နေဂျင်း ဒါရိုက်တာ အသစ်ရွေးချယ်ခြင်းအား ဇန်နဝါရီလ ၂၀ ရက်တွင် စတင်ပြုလုပ်ခဲ့သည်။

အိုင်အမ်အက်ဖ်၏ ကြေညာချက်အရ ထိုရာထူးနေရာအတွက် အဆိုပြုလွှာမျာအား ဇန်နဝါရီလ ၂၁ ရက်မှ ဖေဖော် ဝါရီလ ၁၀ ရက်အထိ လက်ခံမည် ဖြစ်ပြီး ယင်းအနက်မှ ကိုယ်စားလှယ်လောင်း သုံးဦးအား အဖွဲ့ဝင် ၂၄ ဦး ပါဝင် သည့် အမှုဆောင် ဘုတ်အဖွဲ့မှ ရွေးချယ်မည် ဖြစ်သည်။

ယင်းသို့ရွေးချယ်ခြင်းအား မတ်လ ၃ ရက်တွင် လုပ်ဆောင်နိုင်မည်ဟု မျှော်မှန်းထားပြီး ရွေးချယ်ခံရသော မန်နေ ဂျင်း ဒါရိုက်တာ အသစ် သက်တမ်းမှာ ဇူလိုင်လ ၅ ရက်၌ စတင်မည် ဖြစ်သည်။

လာဂ့ါဒ်က ဒုတိယ သက်တမ်း ပြန်လည် ထမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ဖူးပြီး လက်ရှိ ရာထူးအတွက် ယှဉ်ပြိုင်မည့်သူ မပေါ်လာသေးပေ။

ပြင်သစ် ဘဏ္ဍာရေးဝန်ကြီးဟောင်း လာဂါ့ဒ်သည် အိုင်အမ်အက်ဖ် မန်နေဂျင်း ဒါရိုက်တာအဖြစ် ၂၀၁၁ ခုနှစ်တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အိုင်အမ်အက်ဖ်၏ ပထမဆုံး အမျိုးသမီး ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117